အမှားဝန်ခံခဲ့တဲ့ ဗန်ဒီဘိခ်၊ ဘစ်ဆာကာနဲ့ ရှော၊ ရှုံးထွက်မှာ တွေ့ဖွယ် ပြိုင်ဘက်များနဲ့ ယနေ့ည မန်ယူသတင်းများ
မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်က ယန်းဘွိုင်းနဲ့ပွဲမှာ သူ ကျူးလွန်ခဲတဲ့ အမှားနဲ့ ပတ်သက်ပြီး တာဝန်ယူကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ထို ဘောလုံးကို ကန်ထုတ်လိုက်သင့်တာဖြစ်ပြီး ပြိုင်ဘက်အသင်းအပေါ် လုံလောက်စွာ ဖိအားပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ဝန်ခံခဲ့ပါတယ်။
ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ မန်ယူနဲ့ တွေ့နိုင်ဖွယ် ရှိတဲ့ အသင်းတွေကတော့ ပီအက်စ်ဂျီ၊ စပို့တင်း လစ္စဘွန်း၊ အင်တာမီလန်၊ ဘင်ဖီကာ၊ ဆဲလ်ဘတ် နဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့ ဖြစ်ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က နည်းပြသစ် ရန်နစ်လက်အောက်မှာ ဝမ်ဘစ်ဆာကာနဲ့ လုရှောခ်တို့အနေနဲ့ ပွဲထွက်ခွင့် ရဖို့အတွက် အစွမ်းကုန် တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း၊ ရန်နစ်ဟာ ဘောလုံး ကိုင်ကစားတတ်တဲ့ full-back တွေကိုသာ ကြိုက်နှစ်သက်မှုရှိကြောင်း သတိပေးလိုက်ပါတယ်။
လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က သူ့အနေနဲ့ မန်ယူကွင်းလယ်လူ ဖရက်ဒ်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ Running နဲ့ pressing တွေက ဖရက်ဒ်ရဲ့ အကြိုက် ပုံစံတွေဖြစ်ကြောင်း၊ ဖရက်ဒ်ဟာ အမြဲတမ်းပြိုင်ဘက်ကို ဖိအားပေး ကစားတတ်ပြီး သူက ပြဿနာမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။
မန်ယူ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ ဝမ်ဘစ်ဆာကာအနေနဲ့ နည်းပြ ရန်နစ်လက်အောက်မှာ ရုန်းကန်ရနိုင်ကြောင်း မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်က သုံးသပ်လိုက်ပြီး ဝမ်ဘစ်ဆာကာအနေနဲ့ ဘောလုံးကိုင်ထားချိန်မှာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုတယ်လို့ သတိပေးလိုက်ပါတယ်။
အီတလီနည်းပြ မန်စီနီကတော့ မန်ယူနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး သူ့ရည်မှန်းချက်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဗိုလ်စွဲနိုင်ရေးဖြစ်ကြောင်း၊ ထွက်ပေါ်နေတဲ့ သတင်းတွေ အားလုံးက အမှားဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
နယူးကာဆယ် အနေနဲ့ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ဖို့အတွက် မန်ယူ ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို ခေါ်ယူသင့်ကြောင်း နယူးကာဆယ် ကစားသမားဟောင်း ရော့ဘ်လီက တိုက်တွန်းလိုက်ပြီး လင်ဂတ်ဟာ ဂိုးသွင်းနိုင်ပြီး ကာဆယ်တို့ လိုအပ်နေတဲ့ ကစားသမားဖြစ်တယ်လို့ ညွှန်းခဲ့ပါတယ်။
ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့မှာ မန်ယူထက် လီဗာပူးက ရေပန်းစားလျက် ရှိနေပါတယ်။ ဘယ်လင်ဟမ် အတွက် ဒေါ့မွန်က ပေါင်သန်း ၉၀ တောင်းဆိုထားပြီး လီဗာပူးက ထို ပမာဏကို ပေးပြီးခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာအနေနဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ စပိန်သတင်းဌာန အဆိုအရ ဘာစီလိုနာအနေနဲ့ ကာဗာနီကို လာမယ်ပ ဇန်နဝါရီမှာပဲ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။