ကိုဘေး မိန်းနူး ကိစ္စ ယူနိုက်တက် အသင်း အတွင်းပိုင်းနဲ့ အကြီးအကဲတွေကြား ဘယ်လို လှုပ်ခတ်ခဲ့လဲ ရိုမာနို ဖော်ထုတ်

မန်ချက်စတာ ယူနိက်တက် အသင်း အတွင်းပိုင်းမှာ ကိုဘေး မိန်းနူနဲ့ ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စတွေ အပေါ် သတင်းထောက် ဖက်ဘရီဇီယို ရိုမာနို က ဖော်ထုတ်လာခဲ့ပါတယ်။

“ကိုဘေး မိန်းနူးက ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ ရူဘင် အမိုရင်နဲ့ အသင်းတာဝန်ရှိသူတွေဆီ သူ့အေးဂျင့်နဲ့အတူ တိုက်ရိုက်သွားပြီး ကျွန်တော် ပွဲ မကစားရလို့ ဒီမှာ မပျော်တော့ဘူးလို့ သွားပြောခဲ့တယ်။

မန်ချက်စတာယူနိုက်တက် အသင်း အတွင်းပိုင်းမှာ ဆုံးဖြတ်ခဲ့တာက ကျွန်တော် ကြားခဲ့ရသလောက် ဆာဂျင်မ် ရက်ကလစ်ဖ်လည်း ပါခဲ့ပြီး ကော်ဘီ မိန်းနူးကို သူတို့ ရောင်းလို့မရဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီတော့ ဒီဆုံးဖြတ်ချက်က အသင်းဒါရိုက်တာ၊ စီအီးအို၊ နည်းပြနဲ့ ပိုင်ရှင်တွေအားလုံး ပါဝင်ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့မှာ စိတ်ဝင်စားစရာကောင်းတဲ့ လအနည်းငယ် ရှေ့မှာရှိနေတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ မိန်းနူးက ကစားရမယ်ဆိုရင် အခြေအနေက အဆင်ပြေနိုင်ပေမယ့် သူ အရန်ခုံ ဆက်ထိုင်နေရမယ်ဆိုရင်တော့ ဒီကိစ္စက နောက်ထပ်တကြိမ် ပြောရမယ့်ကိစ္စ ဖြစ်လာဦးမယ်လို့ ကျွန်တော် ထင်လို့ပါ။” လို့ ရိုမာနိုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မိန်းနူး ရဲ့ အပြောင်းအရွှေ့ ကိစ္စက ဇန်နဝါရီမှာ တဖန် ပြန် လှုပ်ခတ်လာဖွယ် ရှိနေပါသေးတယ်။