စက်တင်ဘာ နိုင်ငံတကာ သီတင်းပတ် အပြီး ယူနိုက်တက် နဲ့ နည်းပြ အမိုရင် တို့ အတွက် ဖြစ်လာနိုင်ခြေ ၂ ခု
စက်တင်ဘာ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ မန်ချက်စတာယူနိုက်တက်နဲ့ အမိုရင်အတွက် ဖြစ်လာနိုင်စရာ အခြေအနေ ၂ ခုရှိပါတယ်။
ရာသီအဖွင့် ၃ ပွဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်ရခဲ့တဲ့ အမိုရင်အတွက် နိုင်ငံတကာအားလပ်ရက်အပြီး ပွဲတွေကတော့ နိုင်ပွဲရဖို့ မျှော်လင့်လို့ မရတဲ့ပွဲတွေဖြစ်နေပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့မှာ မန်ချက်စတာစီးတီးအိမ်ကွင်း အစ်တီဟတ်ကို သွားရောက်ပြီး ဒီရာသီရဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲအပြီး ၂၀ ရက်နေ့မှာတော့ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အဲဒီပွဲတွေမှာ အနိုင်ရလဒ်မရခဲ့လို့ နောက်ထပ် ပွဲတွေ ကြည့်မယ်ဆိုရင်လည်း ဘရန့်တ်ဖို့ဒ်၊ ဆန်းဒါးလန်း၊ လီဗာပူး၊ ဘရိုက်တန်တို့နဲ့ ဆက်ကစားသွားရဖို့ ရှိနေပါတယ်။
ဒါကြောင့် အမိုရင်အနေနဲ့ ဒီပွဲစဉ်တွေအားလုံးကို တန်းစီပြီး ရှုံးနိမ့်ခဲ့ရင်တော့ ၁၀ လပိုင်းကုန်လောက်မှာပဲ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ပါတယ်။
နောက်ထပ် အခြေအနေတစ်ခုကတော့ စက်တင်ဘာ နိုင်ငံတကာအားလပ်ရက်အပြီး မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကို အနိုင်ယူပြီး အဲဒီယုံကြည်ချက်နဲ့ ဘရန့်တ်ဖို့ဒ်၊ ဆန်းဒါးလန်းတို့ကို ဆက်တိုက် အနိုင်ယူပြီး လီဗာပူးအိမ်ကွင်း အန်းဖီးမှာ သရေ ၁ မှတ်ယူနိုင်မယ့် အခြေအနေဖြစ်ပါတယ်။
ဒီအခြေအနေက ဖြစ်နိုင်ခြေမရှိသလောက် နည်းပါးတဲ့ အခြေအနေလို့ ပြောရမှာဖြစ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေကတော့ ဒီရာသီမှာ အမိုရင်ကို ဆက်ပြီး သည်းခံသွားမယ်ဆိုပေမယ့် ဒီဇင်ဘာမရောက်ခင် တန်းဆင်းဇုန်နားမှာ တဝဲလည်လည် ဖြစ်နေရင်တော့ ထုတ်ပယ်ဖို့ စဉ်းစားသွားမှာတော့ သေချာပါတယ်။