မန်ချက်စတာ ဒါဘီပွဲ အမှီ ကွန်ညာနဲ့ ယူနိုက်တက် ကြယ်ပွင့် တစ်ဦး ပြန်လာဖို့ မျှော်လင့်နေရခြင်း
ယူနိုက်တက်ဟာ ခါးသီးတဲ့မြို့ခံပြိုင်ဘက် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမဲ့ မန်ချက်စတာဒါဘီပွဲစဉ် အမီ မားသီးယပ်စ် ကွန်ညာ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်နေပါတယ်။
ယူနိုက်တက်ဟာ မားသီးယပ်စ် ကွန်ညာရဲ့ ဒဏ်ရာမှာ အစောပိုင်းတုန်းက ထင်မှတ်ထားသလောက် ပြင်းထန်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် မန်ချက်စတာဒါဘီပွဲတွင် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ကွန်ညာဟာ ပြီးခဲ့တဲ့အပတ် စနေနေ့တုန်းက အိုးထရက်ဖို့ဒ်တွင် ဘန်လေအား ၃-၂ ဂိုးဖြင့် အနိုင်ရတဲ့ပွဲ အစောပိုင်းတွင် တံကောက်ကြောဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။
ကွန်ညာဟာ ယင်းတံကောက်ကြောဒဏ်ရာကြောင့်ပင် ဘရာဇီးရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် လူစာရင်းမှ နုတ်ထွက်ခဲ့ရပါတယ်။
ဒါပေမဲ့ နွေရာသီတုန်းက ဝုဗ်မှ ပေါင် ၆၂.၅ သန်းဖြင့် ပြောင်းရွှေ့လာတဲ့ ကွန်ညာဟာ ဒဏ်ရာပြင်းထန်ခြင်း မရှိမှုနှင့်အတူ မန်ချက်စတာဒါဘီပွဲစဉ်တွင် ပြန်ကစားလာနိုင်ဖွယ် ရှိနေပါတယ်။
တဖက်တွင် မေဆင်မောင့်ရဲ့ ဒဏ်ရာအခြေအနေကို မသိရသေးမှုနှင့်အတူ ကိုဘီမိုင်နူးမှာ စက်တင်ဘာလ ၁၄ ရက်နေ့ မန်ချက်စတာဒါဘီပွဲတွင် ယခုရာသီ ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်ကစားခွင့် ရရှိလာဖို့ ရှိနေပါတယ်။