၃ ပွဲ ပဲ ကစားရသေးပေမယ့် ရက်ရှ်ဖို့ဒ်ကို မခေါ်ဖို့ ဘာစီလိုနာ ဆုံးဖြတ်လိုက်ပြီ
ဘာစီလိုနာအသင်းဟာ အဌားခေါ်ယူထားတဲ့ ရက်ရှ်ဖို့ဒ်ကို ၃ ပွဲသာ သုံးရသေးပေမယ့် အသင်းဟောင်း မန်ယူထံ ပြန်လည် စေလွှတ်ဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဘာစီလိုနာအသင်းဟာ အဆိုပါ အင်္ဂလန် တိုက်စစ်မှူးကို ပေါင် သန်း ၃၀ ထဲနဲ့ ခေါ်ယူခွင့် ရရှိထားပေမယ့် ဘာစီလိုနာအသင်းဘက်က ကစားသမားရဲ့ လုပ်အားနှုန်းကို အကြိုက်မတွေ့ ဖြစ်နေပါတယ်။
အသင်းဟောင်းကို ဝေဖန်ပြောဆိုထားတဲ့ ရက်ရှ်ဖို့ဒ်အတွက် ယခုတစ်ခေါက် ဘာစီလိုနာရဲ့ ဆုံးဖြတ်ချက်က အိမ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့ပြီး ဘာစီလိုနာကိုယ်တိုင်ကလည်း ဒီယက်ဇ် နဲ့ ဝီလီယံတို့ကို မခေါ်နိုင်ခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ကို အစားထိုး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ တောင်ပံ ဘယ်ဘက်ခြမ်းနဲ့ အလယ်ပိုင်းမှာ ကစားနိုင်စွမ်းရှိနေသလို ရာသီကြိုပွဲစဉ်တွေမှာ နည်းပြအကြိုက် ကစားပြနိုင်ခဲ့ပေမယ့် ယခုရာသီအတွင်း ပွဲစဉ်တွေမှာတော့ ထင်သလောက် လုပ်ပြနိုင်ခြင်း မရှိတော့ပါဘူး။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ရာသီအကုန် ခေါ်ယူဖို့ ငြင်းဆန်ခဲ့ပါက ယူရို ၅ သန်း လျော်ကြေး ပြန်ပေးရမှာ ဖြစ်ပေမယ့်လည်း ကစားသမားရဲ့ လက်ရှိ အနေအထားအပြင် ပေးချေရမယ့် လုပ်ခတွေကြောင့် အသင်းဟောင်းထံသာ ပြန်လည် ပို့ဆောင်လိုနေကြတာ ဖြစ်ပါတယ်။