မန်ချက်စတာဒါဘီပွဲအတွက် ဘရာဇီးအသင်းကနေ စော ပြန်လာတဲ့ ကွင်းလယ်သမား ကက်စ်မီရို

ယူနိုက်တက် ဝါရင့်ကွင်းလယ်သမား ကက်စ်မီရိုဟာ ဘရာဇီးရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲအား ပွဲပယ်ခံထားရပြီးနောက် မန်ချက်စတာသို့ စော ပြန်လာခွင့် ရရှိလာခဲ့ပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားဟာ တနင်္ဂနွေနေ့ အီတီဟတ်ကွင်းတွင် ကစားရမဲ့ မန်ချက်စတာဒါဘီပွဲမတိုင်မီ ယူနိုက်တက်အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းထားနိုင်ပါတယ်။

ယူနိုက်တက်စတားဟာ သောကြာနေ့တုန်းက ချီလီကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် အဝါကတ်ပြသခြင်းခံရပြီးနောက် လာမယ့် ဘိုလီဗီးယားနှင့်ပွဲစဉ်အား ပွဲပယ်ခံထားရပါတယ်။

ကက်စ်မီရိုဟာ ပွဲပယ်ခြင်းခံရပြီးနောက် ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက်ဖြင့် မန်စီးတီးနှင့်ပွဲအတွက် ပြင်ဆင်ရန် အင်္ဂလန်သို့ ပြန်လာခွင့် ရရှိခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိ ကက်စ်မီရိုဟာ ဘရာဇီးအသင်းနှင့် နှစ်နှစ်ကြာ ဝေးကွာလာခဲ့ပြီးနောက် နည်းပြသစ်ကာလိုအန်ဆယ်လော့တီလက်ထက်တွင် ပြန်လည် နေရာရရှိလာသူလည်း ဖြစ်ပါတယ်။

ဘရာဇီးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်ပါတယ်။ ယနေ့အစောပိုင်းတုန်းက ကစားတဲ့ ဘိုလီဗီးယားနှင့် ခြေစစ်ပွဲစဉ်တွင် ဘရာဇီးဟာ ကစားသမား အပြောင်းအလဲများစွာ ပြုလုပ်ပြီးတဲ့နောက် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။