တီမိုဗာနာကို ခါးသီးနေတဲ့ ဗန်ဒါဗတ်၊ တူချယ်ရဲ့ ဖြေရှင်းချက်၊ ဂျိမ်းစ်၊ ရူဒီဂါတို့နဲ့ ယနေ့ည ချယ်ဆီး သတင်းများ
ချဲလ်ဆီး နည်းပြတူချယ်က ဇင်းနစ်နဲ့ပွဲမှာ နောက်ခံလူ ရီစီဂျိမ်း်စ်ကို ကွင်းလယ်လူအဖြစ် အသုံးပြုခဲ့တဲ့အပေါ် – “ကန်တီ၊ ဂျော်ဂျင်ဟိုနဲ့ လော့တပ်ချိခ် တို့ ပါဝင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ သူတို့အားလုံး မပါနိုင်ခဲ့ပါဘူး။ ဒါကြောင့် ရီစီဂျိမ်းစ်ဆီက ဖန်တီးမှုတွေရဖို့ ပြုလုပ်ခဲ့ရတာပါ”လို့ ဖြေရှင်းခဲ့ပါတယ်။
ဘောလုံး ဝေဖန်သူတွေ ဖြစ်တဲ့ ဖာဒီနန်၊ ပီတာခရော့ချ်တို့ကတော့ ရီစီဂျိမ်းစ်ရဲ့ ကွင်းလယ်က ခြေစွမ်းကို အထင်တကြီး ချီးကျူးခဲ့ကြပြီး အင်္ဂလန်သားဟာ ကွင်းလယ်မှာ ကစားနေကျလို့ အေးအေးဆေးဆေး လုပ်ပြသွားတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ဇင်းနစ်ဘက် ၂ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှုး တီမိုဗာနာကို ဗန်ပါစီနဲ့ နှိုင်းယှဉ်ပြောဆိုနေကြတဲ့ အပေါ် ရီးရဲလ် ကွင်းလယ်လူဟောင်း ဗန်ဒါဗတ်ကတော့ ပြင်းပြင်းထန်ထန် ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။ ထပ် ပြောနေရင် အစီအစဉ်ကနေ ထ ထွက်သွားမယ်လို့ပါ ၎င်းက ပြောဆိုခဲ့တာပါ။

ချဲလ်ဆီးနည်းပြတူချယ်က ဇင်းနစ်ကို သရေကျခဲ့ခြင်းအတွက် အသင်းရဲ့ကစားပုံကို ဝေဖန်ခဲ့ပြီး ပထမ ၁၅ မိနစ်ပြီးနောက် သူတို့ အသင်းဟာ ရပ်တန့်နေခဲ့ကြောင်း၊ ဒီလိုအဆင့်ပွဲမျိုးမှာ ပွဲချိန်ပြည့် အာရုံစူးစိုက်မှု ရှိရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီးကစားသမားတွေကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် အက်ပီကျူတာအနေနဲ့ ဘာစီနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေ အပေါ် စိတ်ရှုပ်လျက် ရှိနေကြပါတယ်။ အက်ပီကျူတာဟာ အသင်းအတွက် အရေးပါသူလို့ ချဲလ်ဆီး အသင်းဖော်တွေက ရှုမြင်လျက်ရှိနေကြတာပါ။ အက်ပီကျူတာရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးက စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးတာပါ။
တူရကီကလပ် ဖီနာဘာချီကတော့ သူတို့ရဲ့ ကြယ်ပွင့်နောက်ခံလူ Szalai နဲ့ ချဲလ်ဆီးတို့ ထွက်ပေါ်နေတဲ့သတင်းတွေ အပေါ် ငြင်းဆန်ခဲ့ပြီး သူတို့အနေနဲ့ ဘယ်အသင်းနဲ့မှ ဆွေးနွေးခြင်းမျိုးမရှိကြောင်း၊ လက်ရှိမှာ Szalai ဟာ အသင်းအတွက်သာ အာရုံစိုက်ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အီတလီဂန္ထဝင်နောက်ခံလူဟောင်း ကင်နာဗာရိုဟာ ဒီရာသီမှာ ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်မယ် လို့ ထင်မှတ်မိကြောင်း၊ ချဲလ်ဆီးဟာ အလွန်ကောင်းမွန်တဲ့အသင်းဖြစ်ပြီး တူချယ်လို ခမ်းနားတဲ့ မန်နေဂျာမျိုးကိုလည်း ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဂျာမနီ ဝါရင့်နောက်ခံလူ ဘိုတန်ကတော့ ချဲလ်ဆီး နောက်ခံလူ ရူဒီဂါဟာ ကမ္ဘာ့အကောင်းဆုံး ခံစစ် ၅ ယောက် စာရင်းဝင် ဖြစ်ကြောင်း၊ ရူဒီဂါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ကစားလျက် ရှိနေကြောင်း၊ သူ့အတွက်တော့ ရူဒီဂါဟာ ဂျာမနီရဲ့ အကောင်းဆုံးနောက်ခံလူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူဖို့အတွက် ဥရောပထိပ်သီးကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အေစီမီလန် တို့က စိတ်ဝင်စားလျက် ရှိနေကြပါတယ်။ ခရစ္စတန်ဆန်ဟာ ရာသီကုန်ရင် ချဲလ်ဆီးနဲ့ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာမှာပါ။