နည်းပြ အမိုရင်ကို ယူနိုက်တက် အသင်းသားတွေ အယုံအကြည်မဲ့လာကြောင်း သတင်းထွက်
မန်ချက်စတာ ယူနိုက်တက် အသင်း ကစားသမားအချို့ဟာ နည်းပြ အမိုရင်ရဲ့ နည်းစနစ်တွေအပေါ် အယုံအကြည် ကင်းမဲ့လာကြပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
မန်စီးတီးကို ၃ ဂိုးပြတ် ရှုံးခဲ့ပြီးနောက် ကစားကွက်လုံးဝပြောင်းမှာမဟုတ်ကြောင်း အတိအလင်း ပြောဆိုခဲ့တဲ့ အမိုရင်ရဲ့ သဘောထားကို အသင်းကစားသမားအချို့က အကြိုက်မတွေ့ ဖြစ်နေကြပါတယ်။
လက်ရှိ နည်းပြ အမိုရင်ရဲ့ ၃-၄-၂-၁ ကစားကွက်က ၎င်းတို့ကို သက်သောင့်သက်သာ မဖြစ်စေကြောင်း အသင်းသားတွေက ယုံကြည်နေကြပါတယ်။
ပေါင် ၂၃၆ သန်းအထိ အသုံးပြုကာ လူသစ်ခေါ်ယူထားတဲ့ အမိုရင်ကို အသင်းပိုင်ရှင်တွေဘက်က ထောက်ခံမှုတွေ ပြုလုပ်ထားပေမယ့်လည်း အချိန်ကာလတစ်ခုအထိသာ သည်းခံနေမှာ ဖြစ်ပါတယ်။
အကယ်၍ ကစားသမားတွေသာ နည်းပြကို ပညာပေးဖို့ ဆုံးဖြတ်ခဲ့ပါက အမိုရင် တစ်ယောက် နည်းပြ ရာထူးကနေ စွန့်ခွါသွားရဖွယ်ရှိနေပါတယ်။
အမိုရင်ဟာ လက်ရှိ ကစားကွက်ကို အသင်းသစ်ထံ ယူဆောင်လာတာ ၁၁ လ ကြာမြင့်နေပြီ ဖြစ်သလို အသင်းကစားသမားတွေလည်း ရင်းနှီးကျွမ်းဝင်သင့်နေပြီ ဖြစ်ပေမယ့် အသင်းကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကိုယ်တိုင်က လက်ရှိ ကစားကွက်အပေါ် ပျော်ရွှင်မှုမရှိ ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။