ဘရန့်ဖို့ဒ်ကို ရှုံးတဲ့ပွဲ အပြီးမှာ ယူနိုက်တက်ကို အတော်လေး စိတ်ပျ-က်နေတဲ့ နည်းပြ အမိုရင်
မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အမိုရင်တစ်ယောက် ယခုတစ်ခေါက် ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီး အသင်းကို အတော်လေး စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်းဟာ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့အတူ ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး အမိုရင်တို့အတွက် အတော်လေးကို အရှက်ကွဲစရာ ရှုံးနိမ့်မှု တစ်ခု ဖြစ်ခဲ့ရပါတယ်။
အမိုရင် ကိုယ်တိုင်က ၎င်းရဲ့ ၃-၄-၂-၁ ကစားဟန်ကို ဆက်လက်ကျင့်သုံးခဲ့ပေမယ့် အသင်းသားတွေက ၎င်းရဲ့ ကစားကွက်အတိုင်း လိုက်လံကစားခဲ့ခြင်း မရှိခဲ့ဘူးဆိုပြီး ယုံကြည်နေတာကြောင့် ပထမပိုင်းမပြီးခင်ကတည်းက တပည့်တွေအပေါ် စိတ်ပျက်နေကြောင်း အကြိမ်ကြိမ် အမူအယာ ပြသခဲ့ပါတယ်။
အသင်း နောက်တန်းခံစစ်ရဲ့ လစ်ဟာမှုတွေနဲ့ ကွင်းလယ်ပိုင်း အားနည်းချက်တွေကြောင့် ယူနိုက်တက်တို့ ယခုလို သွင်းဂိုးတွေ လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲ ရလဒ်ကြောင့် နည်းပြ အမိုရင်ရဲ့ အနာဂတ်ကလည်း လာမယ့် ဆောင်းရာသီမတိုင်ခင် အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။