အမိုရင် ဖြေစရာ စကားလုံးမဲ့သွားစေခဲ့တဲ့ ယူနိုက်တက်ရဲ့ အရေးပေါ် အစည်းအဝေးခေါ် တောင်းဆိုမှု
နည်းပြ ရူဘင် အမိုရင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေရဲ့ အရေးတကြီး အစည်းအဝေးလုပ်ဖို့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ရဲ့ ရလဒ်တွေ ဆိုးဝါးနေသလို ကစားပုံကလည်း တိုးတက် ပြောင်းလဲလာခြင်း မရှိသေးတာကြောင့် ဘုတ်အဖွဲ့က အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပုံပါ။
အသင်းက အမိုရင် ကို ချက်ချင်း ထုတ်ပယ်မှာ မဟုတ်သေးပေမယ့် နည်းပြကို ၄-၃-၃ ကစားကွက်ကို ပြောင်းကစားဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုမှုကြောင့် အမိုရင်က တောင်းဆိုမှုကြောင့် ပြောစရာစကားမရ ဖြစ်ခဲ့ပါတယ်။
အမိုရင် ဟာ ပုပ်ရဟန်းမင်းကြီး လာပြောတောင် သူ့ ကစားကွက်ကို မပြောင်းဘူး လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားပြီး ကစားကွက် ပြောင်းချင်ရင် နည်းပြ ပြောင်းလို့ပါ အပြတ် ပြောထားဖူးသူပါ။
ဒါပေမယ့် မန်ယူနိုက်တက် တာဝန်ရှိသူတွေက လက်ရှိမှာ ကစားကွက်အပြောင်းအလဲ လုပ်ရတော့မယ့် အချိန်လို့ ယူဆထားပြီး ကစားကွက် မပြောင်းရင်တော့ အမိုရင် ထုတ်ခံရမယ်လို့ သိရပါတယ်။
အမိုရင် အနေနဲ့ အသင်းနဲ့ လိုက်လျောညီထွေ ရှိမယ့် ကစားပုံကို ပြောင်းမလား ထွက်မလား ရွေးချယ်ရမယ့် အချိန် ကျရောက်လို့ လာခဲ့ပါပြီ။