နည်းပြ အမိုရင်ရဲ့ ဗျူဟာအခင်းအကျင်း နဲ့ ပတ်သက်ပြီး အမ်ဘီယူမို ရဲ့ သဘောထား
မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်ကစားသမား အမ်ဘီယူမိုကတော့ နည်းပြ အမိုရင်ရဲ့ ကစားကွက်ပုံစံမျိုးကို ပဲလေ့စ်မှာ ကစားခဲ့ဖူးပေမယ့် လက်ရှိ အသင်းသစ်မှာတော့ သိပ်တူညီမှုမရှိကြောင်း သုံးသပ်သွားခဲ့ပါတယ်။
၃-၄-၂-၁ ကစားကွက်နဲ့ တောက်လျောက် ရလဒ်ဆိုးတွေ တွေ့ကြုံခဲ့ရအပြီးမှာတော့ အမိုရင်ကိုယ်တိုင်က ကစားကွက်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အရိပ်အမြွတ်တွေ ပြောဆိုလာခဲ့ပေမယ့် လက်ရှိ အချိန်အထိတော့ အပြောင်းအလဲ မလုပ်လာနိုင်သေးပါဘူး။
အမ်ဘီယူမိုက “ အမှန်တိုင်း ပြောရရင် လက်ရှိ နည်းပြရဲ့ ကစားကွက်က ကျွန်တော် အရင်ကတည်းက ကစားနေခဲ့ဖူးတာပါ၊ ဒါပေမယ့် လက်ရှိ ကစားရတာ နည်းနည်းတော့ ကွဲလွဲနေတယ်လို့ ခံစားရပါတယ်။
ကောလဟာလတွေကတော့ အများကြီး ထွက်ပေါ်နေပေမယ့် ကျွန်တော်တို့ကတော့ ပိုကောင်းလာဖို့ပဲ နည်းလမ်းရှာဖွေနေကြပါတယ်။
ကျွန်တော့်အထင် ပြောရရင် အခုက နည်းပြရဲ့ ကစားကွက်ဆိုတာထက် ကစားသမားတွေနဲ့ ပိုပြီးသက်ဆိုင်ပါလိမ့်မယ်၊ အသင်းမှာရှိတဲ့ ယောက်စီယောက်တိုင်းက ရလဒ်တွေကို တာဝန်ယူဖို့ လိုအပ်နေပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
နည်းပြ အမိုရင် ကိုယ်တိုင်က ၎င်းရဲ့ ကစားကွက်နဲ့ ကိုက်ညီမှုရှိတဲ့ ကစားသမားတွေကိုသာ စိတ်ကြိုက်ခေါ်ယူခဲ့တာ ဖြစ်ပြီး အကယ်၍ အထုတ်ခံရပါက အသင်းရှိ ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကလည်း ဆက်တိုက် ထပ်မံဖြစ်ပေါ်လာနိုင်ပါတယ်။