ဒီည မန်ချက်စတာ ယူနိုက်တက် Vs ဆန်းဒါးလန်း ပွဲကြို သုံးသပ်ခန့်မှန်းချက်
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီစနေညမှာ ဆန်းဒါးလန်း အသင်းကို ဧည့်ခံ ကစားဖို့ ရှိနေပြီး ပွဲကြို သုံးသပ်ခန့်မှန်းချက် ကို ဖော်ပြပေးလိုက်ပါတယ်။
ဒီရာသီမှာ ထင်ထားသလို ဖြစ်မလာတဲ့ သရဲနီတွေဟာ ဒီအပတ်ပွဲစဉ်ကို အဆင့် ၁၄ နေရာက အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီးအဖွင့် ၆ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲရသေးတာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းကတော့ မန်ယူနိုက်တက်နဲ့ ပြောင်းပြန်ဖြစ်ပြီး တန်းတက်အသင်းဆိုပေမယ့် အံ့အားသင့်စရာခြေစွမ်း ပြသနေပြီး ၁၈ မှတ် ရနိုင်ခြေရှိတဲ့ထဲက ၁၁ မှတ်အထိ ရယူထားနိုင်ခဲ့ပါတယ်။
အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်ပြီး အမြင့်ပျံနေတဲ့ ကြောင်နက်တွေအတွက် အိုးထရက်ဖို့ဒ်ကို သွားကစားရမယ့်ပွဲက လွယ်ကူမှာတော့ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း သရေ ၁ မှတိလောက်တော့ ရယူနိုင်ဦးမှာဖြစ်ပြီး ၁-၁ သရေပွဲဖြစ်နိုင်ပါတယ်။
ဝါရင့် သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ အလန်ရှီးယားကတော့ ဆန်းဒါးလန်းက အမြင့်ပျံနေတာမှန်ပေမယ့် သရဲနီတွေရဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် အိမ်ရှင်တွေက အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။