ဒီရာသီ ချန်ပီယံလိဂ်ဖလား ဘယ်အသင်း ရမလဲ ဟောကိန်းထုတ်လိုက်တဲ့ မိုက်ကယ်အိုဝင်

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ ဒီနှစ်ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲရဲ့ အောင်မြင်နိုင်ခြေရှိမယ့် အသင်းတွေကိုပါ ခန့်မှန်းမှု ပြုလုပ်ခဲ့ပါတယ်။

အိုဝင်က သူ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ လီဗာပူးလ်က ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မရဏအုပ်စုအဖြစ် အေစီမီလန် အသက်လက်တီကို ပေါ်တိုအသင်းတွေနဲ့ တစ်အုပ်စုတည်းမှာ ကျရောက်ခဲ့ပေမယ့်လည်း အုပ်စုတွင်း ပွဲအားလုံးကို အနိုင်ယူခဲ့ပြီး အုပ်စုဗိုလ်နေရာနဲ့ပါ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ရပါတယ်။

အုပ်စုပွဲ(၆)ပွဲအတွင်း သွင်းဂိုး(၁၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး ပေးဂိုး(၆)ဂိုးလေးသာ ရှိခဲ့ရတဲ့ လီဗာပူးလ်အသင်းကို အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မိုက်ကယ်အိုဝင်က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပတ်သက်ပြီး အိုဝင်က “စပိန်ကလပ်အသင်းတွေက အရင်ကာလတွေလို အင်အားကောင်းတဲ့ ပုံစံမျိုးတွေ မဟုတ်တော့ဘူး။ “ပဲရစ်စိန့်ဂျာမိန်းအသင်းအနေနဲ့လည်း အောင်မြင်မှု မရနိုင်သေးဘူးဆိုတာကို ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်ကို ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် အင်္ဂလိပ် ကလပ်အသင်းတစ်သင်းလို့ပဲ ထင်ပါတယ်။

လီဗာပူးလ်အသင်းအတွက်ကလည်း မရဏအုပ်စုထဲ ကျရောက်နေခဲ့တာတောင်မှ အဆုံးသတ်မှာတော့ ဒီအသင်း အားလုံးကို အနိုင်ယူ ပြသွားခဲ့တယ်။ သူတို့က ကျန်တဲ့အသင်းတွေအတွက် အရမ်းကို ကောင်းလွန်းနေပါတယ်။ ပွဲတိုင်းကိုသာ အတောင့်တင်းဆုံး လူစာရင်းမျိုးနဲ့သာ ကစားခဲ့မယ်ဆိုရင် ပြိုင်ဘက်အသင်းတွေအတွက် တကယ့်ကို ရှက်စရာရလဒ်တွေပါ ဖြစ်သွားနိုင်လိမ့်မယ်။

ဒါဟာ အံ့မခန်းပါပဲ။ တကယ့်ကို နာမည်ကြီး ကလပ်အသင်းတွေနဲ့ ရင်ဆိုင်ရချိန် ရယူနိုင်တဲ့ ရမှတ်အားလုံးကို အရယူနိုင်တာက အလွန်အံ့မခန်းပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဘက်မှာလည်း ပွဲစဉ်(၁၅)ပွဲ ကစားထားပြီးတဲ့နောက် ရမှတ်(၃၄)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်လို့နေပါတယ်။

ZG

ပရီးမီးယားလိဂ္ရဲ႕ နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္ကေတာ့ ဒီႏွစ္ေဘာလုံးရာသီ ဥေရာပ ခ်န္ပီယံလိဂ္ ေဘာလုံးၿပိဳင္ပြဲရဲ႕ ေအာင္ျမင္ႏိုင္ေျခရွိမယ့္ အသင္းေတြကိုပါ ခန႔္မွန္းမႈ ျပဳလုပ္ခဲ့ပါတယ္။

အိုဝင္က သူ႔ ကလပ္အသင္းေဟာင္းျဖစ္တဲ့ လီဗာပူးလ္က ခ်န္ပီယံလိဂ္ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္းျဖစ္တယ္လို႔ သုံးသပ္ေျပာဆိုလိုက္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဒီႏွစ္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မရဏအုပ္စုအျဖစ္ ေအစီမီလန္ အသက္လက္တီကို ေပၚတိုအသင္းေတြနဲ႔ တစ္အုပ္စုတည္းမွာ က်ေရာက္ခဲ့ေပမယ့္လည္း အုပ္စုတြင္း ပြဲအားလုံးကို အႏိုင္ယူခဲ့ၿပီး အုပ္စုဗိုလ္ေနရာနဲ႔ပါ ေနာက္တစ္ဆင့္ကို တတ္လွမး္သြားခဲ့ရပါတယ္။

အုပ္စုပြဲ(၆)ပြဲအတြင္း သြင္းဂိုး(၁၇)ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ေပးဂိုး(၆)ဂိုးေလးသာ ရွိခဲ့ရတဲ့ လီဗာပူးလ္အသင္းကို အသင္းရဲ႕ ကစားသမားေဟာင္းျဖစ္တဲ့ မိုက္ကယ္အိုဝင္က ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ဖို႔ ေရပန္းအစားဆုံး အသင္းျဖစ္ေနတယ္လို႔ သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူးလ္နဲ႔ပတ္သက္ၿပီး အိုဝင္က “စပိန္ကလပ္အသင္းေတြက အရင္ကာလေတြလို အင္အားေကာင္းတဲ့ ပုံစံမ်ိဳးေတြ မဟုတ္ေတာ့ဘူး။ “ပဲရစ္စိန႔္ဂ်ာမိန္းအသင္းအေနနဲ႔လည္း ေအာင္ျမင္မႈ မရႏိုင္ေသးဘူးဆိုတာကို ကြၽန္ေတာ္ အႀကိမ္ႀကိမ္ ေျပာခဲ့ဖူးပါတယ္။ ကြၽန္ေတာ္ကေတာ့ ဒီႏွစ္ကို ဘိုင္ယန္ျမဴးနစ္ ဒါမွမဟုတ္ အဂၤလိိပ္ ကလပ္အသင္းတစ္သင္းလို႔ပဲ ထင္ပါတယ္။

လီဗာပူးလ္အသင္းအတြက္ကလည္း မရဏအုပ္စုထဲ က်ေရာက္ေနခဲ့တာေတာင္မွ အဆုံးသတ္မွာေတာ့ ဒီအသင္း အားလုံးကို အႏိုင္ယူ ျပသြားခဲ့တယ္။ သူတို႔က က်န္တဲ့အသင္းေတြအတြက္ အရမ္းကို ေကာင္းလြန္းေနပါတယ္။ ပြဲတိုင္းကိုသာ အေတာင့္တင္းဆုံး လူစာရင္းမ်ိဳးနဲ႔သာ ကစားခဲ့မယ္ဆိုရင္ ၿပိဳင္ဘက္အသင္းေတြအတြက္ တကယ့္ကို ရွက္စရာရလဒ္ေတြပါ ျဖစ္သြားႏိုင္လိမ့္မယ္။

ဒါဟာ အံ့မခန္းပါပဲ။ တကယ့္ကို နာမည္ႀကီး ကလပ္အသင္းေတြနဲ႔ ရင္ဆိုင္ရခ်ိန္ ရယူႏိုင္တဲ့ ရမွတ္အားလုံးကို အရယူႏိုင္တာက အလြန္အံ့မခန္းပါပဲ” လို႔ မွတ္ခ်က္ျပဳ ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ဘက္မွာလည္း ပြဲစဥ္(၁၅)ပြဲ ကစားထားၿပီးတဲ့ေနာက္ ရမွတ္(၃၄)မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာမွာ ရပ္တည္လို႔ေနပါတယ္။