ဒီည မန်ချက်စတာယူနိုက်တက် Vs ဆန်းဒါးလန်း ပွဲစဉ် အတွက် ပေါမာဆန် သုံးသပ် ခန့်မှန်းချက်
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီစနေညမှာ ဆန်းဒါးလန်း အသင်းကို ဧည့်ခံ ကစားဖို့ ရှိနေပြီး ဝါရင့် သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက် ကို ဖော်ပြပေးလိုက်ပါတယ်။
” ခင်ဗျားသိလား၊ အမှန်တိုင်းပြောရရင် ကျွန်တော် ဒီပွဲကို သိပ်မသေချာဘူး။ မနိယူနိုက်တက်ရှုံးရင်တောင် ကျွန်တော် အံ့ဩတော့မှာမဟုတ်ပါဘူး။
ဆန်းဒါးလန်းက ဒီရာသီမှာ အရမ်းကောင်းနေခဲ့ပြီး မန်ယူနိုက်တက်က ဘရန့်ဖို့ကို ရှုံးခဲ့တယ်။ ဘောလုံးဝေဖန်သုံးသပ်သူတယောက်အနေနဲ့ ဒီပွဲက ခင်ဗျားကို ပြန်လာပြီးခြောက်လှန့်နိုင်ပါတယ်။
ခင်ဗျား မန်ယူနိုက်တက်မှာ ပိုကောင်းတဲ့ လူစာရင်းရှိတာကြောင့် သူတို့ပဲ အနိုင်ရမယ်လို့ ပြောနိုင်ပေမယ့် အခု ဆန်းဒါးလန်းက ပိုကောင်းတဲ့အသင်းဖြစ်နေတယ်၊ ဟုတ်တယ်ဟုတ်။ အဲဒီတော့ ခင်ဗျား ဘယ်လိုပဲမှန်းမှန်း အဆုံးမှာ တလွဲဖြစ်သွားနိုင်တယ်။
မနိယူနိုက်တက်က ဆန်းဒါးလန်းထက်ပိုကောင်းတဲ့အသင်းမဟုတ်ဘူးဆိုပေမယ့် ဒီပွဲမှာ အမိုရင်ရဲ့အသင်း အနိုင်ရမယ့်ဘက်က ကျွန်တော် ထောက်ခံနေတုန်းပါပဲ။
ဘာလို့လဲတော့ မမေးနဲ့။ အဲဒီလို ဘာကြောင့်ခံစားနေရတာလဲမသိဘူး။ သူတို့ရဲ့နာမည်ကြောင့်ဖြစ်မယ်ထင်တယ်။ မန်ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရသွားနိုင်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် ၂-ဝ ဆန်းဒါးလန်း