ရော်နယ်ဒိုနဲ့ မက်ဆီတို့ထက် လီဗာပူးရဲ့ ဆာလာက ပိုကောင်းတယ် ဆိုတဲ့ ဆန်ဒါးရဲ့ သုံးသပ်ချက်

လီဗာပူးရဲ့ ဟီရိုးကြီးတစ်ယောက်ဖြစ်ခဲ့တဲ့ ဒိန်းဆန်ဒါး က လီဗာပူးတောင်ပံတိုက်စစ်သမား အီဂျစ်သား မိုဟာမက်ဆာလာ က လက်ရှိ အခြေအနေမှာတော့ ကမာ ္ဘ့အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

သူက ဒီဇင်ဘာမှာချီးမြှင့်မယ့် ဘောလုံးလောကမှာ သြဇာကြီးတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ရွှေ ဘောလုံးဆု အတွက် ရည်ရွယ်ပြီး ပြောလိုက်တာဖြစ်ပါတယ်။

ဆာလာက ပရီမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းအတွက် ဂိုးတွေ သွင်းပေးနေသလို ချန်င်္ပယံလိဂ် အုပ်စုမှာလည်းလီဗာပူး ထိပ်ဆုံး မှာ ရပ်တည်နိုင်အောင် ဂိုးတွေ သွင်းပေးထားပါတယ်။ ပရီမီးယားလိဂ် ၆ ပွဲ နဲ့ ချန်ပီယံလိဂ် ၂ပွဲ ပေါင်း ပြီး ၈ ပွဲမှာ ၈ ဂိုးသွင်း ထားတဲ့သူဖြစ်ပါတယ်။

လီဗာပူးဟီရိုးကြီးဖြစ်ခဲ့သူ ဒိန်းဆန်ဒါး နဲ့ Talk Sport တီဗီရှိုး မှာ “ ကျနော်ပြောမယ်။ လက်ရှိအနေအထားမှာ ဆာလာ က အကောင်းဆုံးပဲလို့ ပဲပြောရမယ်။ ဘယ်သူတွေက သူလောက်စွမ်းဆောင်နိုင်လို့လဲ၊ ညာတောင်ပံ့တိုက်စစ်သမားတစ်ယောက်အနေနဲ့ ၈ပွဲ မှာ ၈ ဂိုး သွင်းထားတယ်လေ။

ဒါတောင် သူ့ကို တိုက်စစ်မှူး စစ်စစ် အဖြစ် မကစားခိုင်းသေးဘူး ၊ သူရဲ့အနေအထားကိုလည်း ကြည့်ဦး ဘယ်နောက်ခံတွေက မှ သူ ဂိုး မသွင်းအောင် တားလို့ မရနိုင်သေးပါဘူး။ ဒါကြောင့် ကျနော်ပြောတာပါ ဆာလာက အကောင်းဆုံးပါလို့” လို့ ဆိုပါတယ်။

“ ဗျာ မက်ဆီလား၊ ကောင်းပါတယ်၊ အဲ့လိုပဲ ရော်နယ်ဒိုလည်း ကောင်းပါတယ်။ ဒါပေမဲ့ သူတို့တွေ အကောင်းဆုံးခြေစွမ်းတွေ ကို မပြနိုင်သေးပါဘူး ၊ နောက်ပြီး သူတို့ ကစားနေတဲ့ အသင်းမှာ အကောင်းဆုံးတွေ ကို မလုပ်ပြနိုင်သေးပါဘူး ။ လက်ရှိသူတို့က ဆာလာရဲ့ အနေအထားကို မမီသေးပါဘူး” လို့ ဆိုပါတယ်။

Talk sport အစီအစဉ် လုပ်တဲ့ အခမ်းအနားမှူး က ဆန်ဒါး ကို ရော်နယ်ဒိုနဲ့ ဆာလာကို ရွှေကမ္ဘာလုံးဆုအတွက် ရွေးမယ် ဆို ဘယ်သူ့ကို ရွေးမလဲ ဆိုတဲ့မေးခွန်း ကို သူက “ ကျနော့်အနေနဲ့လား။ ကျနော်ကတော့ ဆာလာ ကိုပဲရွေးမယ် ၊ လောလောဆယ်အနေအထားနဲ့ ပြောတာနော် ၊ ရော်နယ်ဒိုလို့ ပြောလိုက်ရင် လူတွေ ကြိုက်ကြမှာပါ။

ဒါပေမဲ့ အမှန်တရားတစ်ခုရှိတယ် ၊ အဲ့ဒါက ဆာလာက အပတ်တိုင်း ဂိုးတွေသွင်းနေတယ် ဆိုတာကိုပါပဲ ၊ ဒါကိုမေ့ပြီး နာမည်ကြီး တိုင်း ကြိုက်ရမယ် ဆိုတဲ့အထဲမှာ ကျနော်မပါပါဘူး” လို့ ဆိုသွားပါတယ်။

ZG

လီဗာပူးရဲ႕ ဟီ႐ိုးႀကီးတစ္ေယာက္ျဖစ္ခဲ့တဲ့ ဒိန္းဆန္ဒါး က လီဗာပူးေတာင္ပံတိုက္စစ္သမား အီဂ်စ္သား မိုဟာမက္ဆာလာ က လက္ရွိ အေျခအေနမွာေတာ့ ကမာ ၻ႔အေကာင္းဆုံး တိုက္စစ္မႉး တစ္ေယာက္ျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။

သူက ဒီဇင္ဘာမွာခ်ီးျမႇင့္မယ့္ ေဘာလုံးေလာကမွာ ၾသဇာႀကီးတဲ့ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား ေ႐ႊ ေဘာလုံးဆု အတြက္ ရည္႐ြယ္ၿပီး ေျပာလိုက္တာျဖစ္ပါတယ္။

ဆာလာက ပရီမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ လီဗာပူးအသင္းအတြက္ ဂိုးေတြ သြင္းေပးေနသလို ခ်န္ပၤယံလိဂ္ အုပ္စုမွာလည္းလီဗာပူး ထိပ္ဆုံး မွာ ရပ္တည္ႏိုင္ေအာင္ ဂိုးေတြ သြင္းေပးထားပါတယ္။ ပရီမီးယားလိဂ္ ၆ ပြဲ နဲ႔ ခ်န္ပီယံလိဂ္ ၂ပြဲ ေပါင္း ၿပီး ၈ ပြဲမွာ ၈ ဂိုးသြင္း ထားတဲ့သူျဖစ္ပါတယ္။

လီဗာပူးဟီ႐ိုးႀကီးျဖစ္ခဲ့သူ ဒိန္းဆန္ဒါး နဲ႔ Talk Sport တီဗီရႈိး မွာ “ က်ေနာ္ေျပာမယ္။ လက္ရွိအေနအထားမွာ ဆာလာ က အေကာင္းဆုံးပဲလို႔ ပဲေျပာရမယ္။ ဘယ္သူေတြက သူေလာက္စြမ္းေဆာင္ႏိုင္လို႔လဲ၊ ညာေတာင္ပံ့တိုက္စစ္သမားတစ္ေယာက္အေနနဲ႔ ၈ပြဲ မွာ ၈ ဂိုး သြင္းထားတယ္ေလ။

ဒါေတာင္ သူ႔ကို တိုက္စစ္မႉး စစ္စစ္ အျဖစ္ မကစားခိုင္းေသးဘူး ၊ သူရဲ႕အေနအထားကိုလည္း ၾကည့္ဦး ဘယ္ေနာက္ခံေတြက မွ သူ ဂိုး မသြင္းေအာင္ တားလို႔ မရႏိုင္ေသးပါဘူး။ ဒါေၾကာင့္ က်ေနာ္ေျပာတာပါ ဆာလာက အေကာင္းဆုံးပါလို႔” လို႔ ဆိုပါတယ္။

“ ဗ်ာ မက္ဆီလား၊ ေကာင္းပါတယ္၊ အဲ့လိုပဲ ေရာ္နယ္ဒိုလည္း ေကာင္းပါတယ္။ ဒါေပမဲ့ သူတို႔ေတြ အေကာင္းဆုံးေျခစြမ္းေတြ ကို မျပႏိုင္ေသးပါဘူး ၊ ေနာက္ၿပီး သူတို႔ ကစားေနတဲ့ အသင္းမွာ အေကာင္းဆုံးေတြ ကို မလုပ္ျပႏိုင္ေသးပါဘူး ။ လက္ရွိသူတို႔က ဆာလာရဲ႕ အေနအထားကို မမီေသးပါဘူး” လို႔ ဆိုပါတယ္။

Talk sport အစီအစဥ္ လုပ္တဲ့ အခမ္းအနားမႉး က ဆန္ဒါး ကို ေရာ္နယ္ဒိုနဲ႔ ဆာလာကို ေ႐ႊကမာၻလုံးဆုအတြက္ ေ႐ြးမယ္ ဆို ဘယ္သူ႔ကို ေ႐ြးမလဲ ဆိုတဲ့ေမးခြန္း ကို သူက “ က်ေနာ့္အေနနဲ႔လား။ က်ေနာ္ကေတာ့ ဆာလာ ကိုပဲေ႐ြးမယ္ ၊ ေလာေလာဆယ္အေနအထားနဲ႔ ေျပာတာေနာ္ ၊ ေရာ္နယ္ဒိုလို႔ ေျပာလိုက္ရင္ လူေတြ ႀကိဳက္ၾကမွာပါ။

ဒါေပမဲ့ အမွန္တရားတစ္ခုရွိတယ္ ၊ အဲ့ဒါက ဆာလာက အပတ္တိုင္း ဂိုးေတြသြင္းေနတယ္ ဆိုတာကိုပါပဲ ၊ ဒါကိုေမ့ၿပီး နာမည္ႀကီး တိုင္း ႀကိဳက္ရမယ္ ဆိုတဲ့အထဲမွာ က်ေနာ္မပါပါဘူး” လို႔ ဆိုသြားပါတယ္။