မက်ဂွိုင်းယား နဲ့ ယူနိုက်တက်ရဲ့ စာချုပ် သက်တမ်းတိုး ကိစ္စ ဖော်ထုတ်လာတဲ့ သတင်းထောက် ရိုမာနို
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ဝါရင့်နောက်ခံလူ မက်ဂွိုင်းယားကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုပြုလုပ်နေပြီလို့ နာမည်ကျော်အားကစားဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက ဆိုပါတယ်။
အသက် ၃၂ နစ်အရွယ်ရှိပြီဖြစ်သူ မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်တုန်းက လက်စတာကနေ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ယူနိုက်တက်ကို ရောက်ရှိခဲ့သူပါ။
သူ့ရဲ့လက်ရှိ စာချုပ်က ဒီရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်လို့ ယူနိုက်တက်အသင်းက စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မက်ဂွိုင်းယားရဲ့ စိတ်ပျက်စရာ အမှားတွေကြောင့် ပရိသတ်တွေက လှောင်ပြောင်ဝေဖန်မှုခံရတဲ့အထိ အခြေအနေဆိုးနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ မက်ဂွိုင်းယားဟာ အသင်းအတွက် ကစားခွင့်ရတဲ့အချိန်တိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၂၃ ခုနှစ်တုန်းက မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချဖို့ စီစဉ်ခဲ့ပေမဲ့ မက်ဂွိုင်းယားက ယူနိုက်တက်မှာပဲ ဆက်ကစားပြီးတော့ ပွဲထွက်ခွင့်တစ်နေရာရဖို့ တိုက်ပွဲဝင်သွားချင်တာကြောင့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ မက်ဂွိုင်းယားဟာ ပွဲထွက်ကစားခွင့် မရသေးပေမဲ့ ၇ ပွဲစလုံးမှာ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
အခုအချိန်မှာတော့ ယူနိုက်တက်အသင်းက ခံစစ်ကို အကောင်းဆုံး ဦးဆောင်နေသူ မက်ဂွိုင်းယားနဲ့စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပြီး မက်ဂွိုင်းယားရဲ့အေးဂျင့်တွေနဲ့ စာချုပ်ကိစ္စဆွေးနွေးနေပြီလို့ သိရပါတယ်။