လီဗာပူးနဲ့ပွဲမှာ ကွန်ညာထက် ပိုပြီး ယူနိုက်တက် ပွဲထွက်မှာ ပါဝေစေချင်တဲ့ သူ ရှိနေတဲ့ ဖာဒီနန်
အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ် အပြီး လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူးအသင်းကို အန်းဖီးသွားပြီး ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။
ဒီပွဲမှာ ယူနိုက်တက် တိုက်စစ်ကနေ ကွန်ညာထက် မေဆန်မောင့် ကို ဖာဒီနန်က ပွဲထုတ်စေချင်နေပါတယ်။
“မေဆန် မောင့်ရဲ့ စွမ်းဆောင်ရည်အတွက် တိုင်းတာချက်က ဘာလဲ။ မေဆန် မောင့်ရဲ့ စွမ်းဆောင်ရည်အတွက် သက်သေခံ အရာက ဘာလဲ။
ခင်ဗျား သူ့ကို မြင်ရတဲ့အခါမှာ သူ့ဆီကနေ ပုံမှန်အမြဲမြင်တွေ့နေရတဲ့အရာက ဘာလဲ။ အင်အား၊ ပရက်ဆင်ပေးတာနဲ့ အလုပ် ကျင့်ဝတ်ရှိတာတွေပါ။” လို့ ဖာဒီနန်က ဆိုပါတယ်။
ရီယို ဖာဒီနန်က လာမယ့်အပတ် လီဗာပူးနဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်းမှာ မေဆန် မောင့်ရဲ့ မရပ်မနား အင်တိုက်အားတိုက် ကစားနိုင်စွမ်းနဲ့ ပရက်ဆင်ပေးနိုင်တဲ့ အရည်အချင်းက အရေးကြီးတဲ့အရာဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ ရော လီဗာပူးနဲ့ ပွဲမှာ ကွန်ညာ ကို မြင်ချင်လား၊ မေဆန်မောင့် ကို မြင်ချင်လား အမြင်လေးတွေ ပြောခဲ့ပေးပါဦး ..။