ကတ်စ်မဲရိုး၊ မိုင်နူးတို့ နေရာ အစားထိုးဖို့ ပဲလေ့စ် ကြယ်ပွင့်ကို ယူနိုက်တက် အံ့အားသင့်ဖွယ် ချိန်ရွယ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ် လူငယ် ကွင်းလယ်လူ အဒမ်ဝေါ်တန်ကို ပေါင်သန်း ၆၀ နဲ့ကမ်းလှမ်းဖို့ အံ့အားသင့်စရာ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။
အသက် ၂၁ နှစ်သာရှိသေးသူ အင်္ဂလန်လူငယ်ကြယ်ပွင့် အဒမ်ဝေါ်တန်ဟာ ၂၀၂၄ ဇန်နဝါရီက ဘလက်ဘန်းကနေ ခရစ္စတယ်ပဲလေ့စ်ကို ပေါင် ၂၂ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အခုနှစ်အတွင်း အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။
အဒမ်ဝေါ်တန်ဟာ အချိန်တိုအတွင်းမှာပဲ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်လာပြီး လက်ရှိ အင်္ဂလန်ဘောလုံးလောကရဲ့ တိုးတက်မှုအရှိဆုံး လူငယ်ကြယ်ပွင့်တွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။
ယူနိုက်တက်နည်းပြအမော်ရင်ဟာ အဒမ်ဝေါ်တန်ရဲ့စွမ်းဆောင်ရည်ကို စောင့်ကြည့်နေပြီး လာမဲ့နှစ်၊ နွေရာသီကျရင် အသင်းနဲ့လမ်းခွဲဖို့ရှိနေတဲ့ ကတ်စ်မဲရိုး၊ ကိုဘီမိုင်နူးတို့နေရာမှာ အစားထိုးဖို့ ဆန္ဒရှိနေတယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အမော်ရင်က အဒမ်ဝေါ်တန်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှုရယူနိုင်တဲ့ အရည်အချင်းရှိတယ်လို့လည်း ယုံကြည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ အဒမ်ဝေါ်တန်ကို ပေါင်သန်း ၆၀ နဲ့ကမ်းလှမ်းသွားဖို့ စီစဉ်နေပြီး အဲဒီကမ်းလှမ်းမှုကို ခရစ္စတယ်ပဲလေ့စ်ဘက်က လက်ခံမယ်လို့ မျှော်လင့်ထားပါတယ်။
အဒမ်ဝေါ်တန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ၅၃ ပွဲကစား၊ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး,ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ သမိုင်းဝင်အောင်မြင်မှုအဖြစ် FA ဖလားချန်ပီယံဆု ဆွတ်ခူးခဲ့သလို ဒီရာသီအစကလည်း ကွန်မြူနတီဒိုင်းကို ပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကလည်း အဒမ်ဝေါ်တန်ရဲ့ ခြေစွမ်းကြောင့် သူတို့အသင်းကို အဒမ်ဝေါ်တန် ပြောင်းရွှေ့လာမယ်လို့ မျှော်လင့်တကြီးဖြစ်နေကြပါတယ်။