ဖာနန်ဒက်စ်ကို ကြိုးစားမယ့် ဘိုင်ယန်၊ လိုင်ယွန်မှ ဖိုဖာနာ၊ ပဲလေ့စ် တိုက်စစ်မှုး မာတီတာ နဲ့ နောက်ဆုံးရ မန်ယူ ထူးခြား သတင်းများ စုစည်းမှု
ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ယူအသင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားမယ့် အသင်းထံ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပြီး ရီးရဲလ်အသင်းက ပေါင် သန်း ၄၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်ထားပါတယ်။
လိုင်ယွန်ရဲ့ ဖိုဖန်နာကတော့ စီးရီးအေမှ အင်တာအသင်းအပြင် ပရီးမီးယားလိဂ်မှ ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ယူ၊ စပါး စတဲ့ အသင်းတွေနဲ့ သတင်းထွက်နေပါတယ်။
မန်ယူအသင်းဟာ ပဲလေ့စ် အသင်းတိုက်စစ်မှူး မာတီတာကို ၂၀၂၆ မှာ အရခေါ်ယူလိုနေပြီး ပေါင် ၄၃.၄ သန်းလောက် ကုန်ကျရဖို့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အာမက် ဒီရယ်လိုဟာ အင်္ဂါနေ့ညမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ကင်ညာကို အနိုင်ရပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အာမက်ဟာ အိုင်ဗရီကို့စ်အသင်းအတွက် ဖရီးကစ်ကနေ တိုက်ရိုက် ဂိုးကန်သွင်းနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အမေကိုပဲ အရမ်းချစ်ပြီး ပံ့ပိုးပေးချင်တယ် ဆိုတဲ့အကြောင်း ယူနိုက်တက် ကွင်းလယ်လူ ကာဆီမီရိုက အခုလို ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော့်အမေက ကျွန်တော် ၃ နှစ်သားလောက်မှာ အဖေက ကျွန်တော်တို့ကို စွန့်ပစ်သွားခဲ့ပြီးနောက် နားရက်မရှိဘဲ အိမ်ဖော်အဖြစ်နဲ့ အလုပ်လုပ်ပြီး ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။
ကျွန်တော် အဖေ့ကို မမှတ်မိသလို သူ့ကိုလည်း သိလည်း သိချင်စိတ်မရှိပါဘူး။ ကျွန်တော်ကောင်းကောင်းမှတ်မိပြီး ဂုဏ်ယူမိတဲ့အရာက ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ ပထမဆုံးအကြိမ် ငွေပမာဏအများကြီးစရခဲ့တဲ့အချိန်ပါ။
ကျွန်တော် ချက်ချင်းပဲ အမေ့အတွက် အိမ်တလုံး ပြေးဝယ်ပေးခဲ့ပြီး သူက ကျွန်တော် အခုအခြေအနေဖြစ်မလာခင်အချိန်အထိ အများကြီး ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတဲ့သူမို့လို့ပါ” လို့ ဘရာဇီးသားက ဆိုပါတယ်။