လီဗာပူး Vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
ဒီတပတ် ပရီးမီးယားလိဂ် စူပါဆန်းဒေးမှာတော့ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ အန်းဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြပြီ ဖြစ်ပါတယ်။
ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့် တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဒီ ပွဲစဉ် အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် အခုလို ဖော်ထုတ်လာပါတယ်။
” ဒီပွဲက အင်္ဂလန်ရဲ့ အကြီးမားဆုံးပွဲတွေထဲက တပွဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေတုန်းကလည်း အရမ်း ဖျော်ဖြေမှု ပေးနိုင်ခဲ့ပါတယ်။
လီဗာပူးက ပြိုင်ပွဲစုံမှာ ၃ ပွဲဆက်ရှုံးခဲ့ပြီး အာဆင်နယ်သာ စနေနေ့မှာ အနိုင်ရခဲ့ရင် ဒီပွဲက သူတို့အတွက် မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲဖြစ်လာမှာပါ။
လီဗာပူးက ပဲလေ့စ်နဲ့ ဂလာတာဆာရေးကို ရှုံးနိမ့်ဖို့ အပြည့်အဝ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။ သူတို့တွေ အခု လမ်းကြောင်းပေါ် ပြန်တက်ရတော့မယ်။ လီဗာပူး ရှုံးပွဲ ၃ ပွဲစလုံးက အဝေးကွင်းမှာပါ။
အခုသူတို့တွေ အန်းဖီးမှာ ပြန်ကစားရမှာပါ။ လီဗာပူးက အိမ်ကွင်းမှာဆို မတူညီတဲ့ သားရဲတကောင်ဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားပါ။
တဖက်မှာ မန်ယူနိုက်တက်ကလည်း အဝေးကွင်းရလဒ်မကောင်းပါဘူး။ လီဗာပူးက အိမ်ကွင်းမှာတော့ ရှုံးမယ်လို့ မထင်ပါဘူး။သူတို့တွေ ရှုံးပွဲဆက်နေမှုကို ရပ်တန့်ပါလိမ့်မယ်။
မန်ယူနိုက်တက်က ကံကောင်းရင် သရေ၁ မှတ်နဲ့ ပြန်နိုင်မှာဖြစ်ပေမယ့် ကံကောင်းနိုင်မှာမဟုတ်ပါဘူး။ လီဗာပူးက ၂-၀ နဲ့ အနိုင်ရပါလိမ့်မယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-ဝ မန်ချက်စတာ ယူနိုက်တက်