လီဗာပူးကို အနိုင်ယူပြီးနေောက် ယူနိုက်တက် နည်းပြဘဝ အကောင်းဆုံး အခိုက်အတန့်လို့ အမိုရင် ကြွေးကြော်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အမိုရင်ကတော့ လီဗာပူးကို ယခုတစ်ခေါက် အနိုင်ရခဲ့တဲ့ အခိုက်အတန့်က သူ့ရဲ့ ယူနိုက်တက် နည်းပြ ဘဝ အကောင်းဆုံးအချိန်တစ်ခု ဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
၂၀၁၆ ကတည်းက အန်းဖီးလ်မှာ လီဗာပူးလ်ကို တစ်ကြိမ်မှ အနိုင်မရခဲ့တဲ့ ယူနိုက်တက်ဟာ အမိုရင် လက်ထက်မှာတော့ ပထမဆုံး အကြိမ် စတင် အနိုင်ရခဲ့တာကြောင့် ပရိသတ်တွေအတွက် အပျော်ရွှင်ဆုံး အခိုက်အတန့် တစ်ခု ဖြစ်လာစေခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပွဲချိန် ၂ မိနစ်တည်းက အမ်ဘီယူမို အဖွင့်ဂိုးစတင်သွင်းယူခဲ့ပေမယ့် ဂတ်ပိုရဲ့ ချေပဂိုးကြောင့် သရေရလဒ်ကို ဉီးတည်နေခဲ့ပါသေးတယ်။
ဒါပေမယ့် မက်ဂွိုင်းယားရဲ့ အနိုင်ဂိုးကြောင့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ယူနိုက်တက်တို့ အမှတ်ပေးဇယား အလယ်ကို ကျော်တက်လာခဲ့ပါတယ်။
အမိုရင်က “ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ အကောင်းဆုံး အခိုက်အတန့်လို့ပဲ ပြောရမှာပါ၊ မနက်ဖြန် ဘာဖြစ်ဉီးမလဲ မသိသေးပေမယ့် ဒီနေ့အတွက်တော့ တကယ်ပြောစရာတွေချည်းပါပဲ။
အနိုင်သုံးမှတ်နဲ့အတူ ချိုမြိန်တဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ဆီမှာသာ ဒီနေ့ ကစားသွားခဲ့တဲ့ စိတ်ဓါတ်မျိုး ရှိနေရင် ပွဲတိုင်း အနိုင်ရနိုင်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။