လီဗာပူးကနေ ရင်ကော့ထွက်သွားပေမယ့် လန်ဒန်သို့ ခပ်ကုပ်ကုပ်ပြန်လာရဖွယ် ရှိနေတဲ့ ဝိုက်နယ်ဒန်

အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းက အရောင်းစာရင်း တင်လိုက်တဲ့ ဝါရင့် ကွင်းလယ်လူ ဝိုက်နယ်ဒန်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။

အသက် ၃၁နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဝိုက်နယ်ဒန် ဟာ လီဗာပူးအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ပြီးခဲ့တဲ့နွေက ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ထားသူ ဖြစ်ပါတယ်။ ထိုစဉ်က လီဗာပူးဘက်က စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် ဝိုက်နယ်ဒန်က ငြင်းဆန်ခဲ့တာပါ။

ပီအက်စ်ဂျီက ဝိုက်နယ်ဒန်ကို ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပေမယ့် အသင်းထံ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ် ၊ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ၊ အီတလီ နံပါတ်တစ် ဂိုးသမား ဒွန်နာရမ်မာတို့ ရောက်ရှိလာတာကြောင့် လုပ်ခလစာ ပေးချေရမှုကို လျှော့ချဖို့ အတွက် ဝိုက်နယ်ဒန် ကို ပြန်လည် ရောင်းချဖို့ ပြင်ဆင်နေတာပါ။

ဒီရာသီ ပီအက်စ်ဂျီအသင်းရဲ့ အရန် ကစားသမား အဖြစ်သာ ကျင်လည်နေရတဲ့ ဝိုက်နယ်ဒန် က လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ သူ့ရဲ့ အောင်မြေ ဖြစ်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပါတယ်။

စကိုင်းစပေါ့ အဆိုအရ ဝိုက်နယ်ဒန် ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်အသင်း အများစုက စိတ်ဝင်စားနေပေမယ့် အာဆင်နယ်အသင်းက ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေပြီး ကစားသမား ကိုယ်တိုင် ကလည်း အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ အယ်နီနီကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဝိုက်နယ်ဒန်ကို အငှားနဲ့ ခေါ်ယူဖို့ စတင် ကြိုးပမ်းလာတာ ဖြစ်ပြီး အယ်နီနီကိုတော့ နယူးကာဆယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ZG

အာဆင္နယ္အသင္းဟာ ပီအက္စ္ဂ်ီအသင္းက အေရာင္းစာရင္း တင္လိုက္တဲ့ ဝါရင့္ ကြင္းလယ္လူ ဝိုက္နယ္ဒန္ကို ရာသီဝက္အငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သတင္းထြက္လာပါတယ္။

အသက္ ၃၁ႏွစ္ အ႐ြယ္ နယ္သာလန္ လက္ေ႐ြးစင္ ဝိုက္နယ္ဒန္ ဟာ လီဗာပူးအသင္းနဲ႕ စာခ်ဳပ္ကုန္ဆံုးခ်ိန္မွာ ျပီးခဲ့တဲ့ေႏြက ပီအက္စ္ဂ်ီအသင္းထံ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ထားသူ ျဖစ္ပါတယ္။ ထိုစဥ္က လီဗာပူးဘက္က စာခ်ဳပ္သက္တမ္းတိုးဖို႔ ၾကိဳးစားခဲ့ေပမယ့္ ဝိုက္နယ္ဒန္က ျငင္းဆန္ခဲ့တာပါ။

ပီအက္စ္ဂ်ီက ဝိုက္နယ္ဒန္ကို ၂၀၂၄ခုႏွစ္ အထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုခဲ့ေပမယ့္ အသင္းထံ ဝါရင့္ စပိန္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ ၊ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီ ၊ အီတလီ နံပါတ္တစ္ ဂိုးသမား ဒြန္နာရမ္မာတို႔ ေရာက္ရွိလာတာေၾကာင့္ လုပ္ခလစာ ေပးေခ်ရမႈကို ေလွ်ာ့ခ်ဖို႔ အတြက္ ဝိုက္နယ္ဒန္ ကို ျပန္လည္ ေရာင္းခ်ဖို႔ ျပင္ဆင္ေနတာပါ။

ဒီရာသီ ပီအက္စ္ဂ်ီအသင္းရဲ႕ အရန္ ကစားသမား အျဖစ္သာ က်င္လည္ေနရတဲ့ ဝိုက္နယ္ဒန္ က လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာပဲ သူ႔ရဲ႕ ေအာင္ေျမ ျဖစ္ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီ ျပန္လည္ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ကူးရွိေနပါတယ္။

စကိုင္းစေပါ့ အဆိုအရ ဝိုက္နယ္ဒန္ ကို အငွားနဲ႔ ေခၚယူဖို႔ အတြက္ ပရီးမီးယားလိဂ္အသင္း အမ်ားစုက စိတ္ဝင္စားေနေပမယ့္ အာဆင္နယ္အသင္းက ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံး အေနအထားမွာ ရွိေနၿပီး ကစားသမား ကိုယ္တိုင္ ကလည္း အာဆင္နယ္အသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေနေၾကာင္း သိရပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ ကြင္းလယ္လူ တဦး ျဖစ္သူ အယ္နီနီကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ဝိုက္နယ္ဒန္ကို အငွားနဲ႔ ေခၚယူဖို႔ စတင္ ႀကိဳးပမ္းလာတာ ျဖစ္ၿပီး အယ္နီနီကိုေတာ့ နယူးကာဆယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။