ယူနိုက်တက်က ရဲ့ ခံစစ်နဲ့ အမြင့်ဘော အားပြု ကစားတဲ့ ဗျူဟာကို မကျေမနပ် ဖြစ်နေသူ
မနေ့ညက ပွဲ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်ကစားပုံနဲ့ အမြင့်ဘောအားပြုကစားပုံကို လီဗာပူးနည်းပြ အာနယ်ဆလော့ က မကျေမနပ် ပြောဆိုသွားပါတယ်။
အိမ်ကွင်းမှာ ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ခံစစ်အားပြုကစားပုံနဲ့ အမြင့်ဘောတွေ အများကြီးအသုံးပြုခဲ့တာကို နည်းပြ ဆလော့က ညည်းတွားပြောဆိုခဲ့တာပါ။
ဒါ့အပြင် လီဗာပူးအသင်းအနေနဲ့ တစ်ဂိုးထက်ပိုပြီး ရရှိနိုင်တဲ့ အခွင့်အရေးတွေရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြောင်းလည်း နည်းပြ ဆလော့က ပြောသွားပါတယ်။
ဒတ်ချ်နည်းပြက “ခံစစ်ပိတ်ဆို့ကစားပြီး အဝေးဘောကစားတဲ့အသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အမြဲတမ်းခက်ခဲပါတယ်။ ပွဲအစ တစ်မိနစ်မှာ ကျုပ်တို့ ကစားသမား မြက်ခင်းမှာ လဲနေချိန် တစ်ဂိုးပေးလိုက်ရတော့ ပိုခက်ခဲတာပေါ့။
ပွဲ မစတင်ခင်မီမှာ ခံစစ်ပိတ်ဆို့ကစားပြီး အဝေးဘောနဲ့ချည်းကစားတဲ့အသင်းနဲ့ပွဲမှာ အခွင့်အရေးအများကြီး ဖန်တီးနိုင်ပြီး ရှုံးမယ်လို့ ပြောလာရင် လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဂိုးထက်ပိုပြီး သွင်းနိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။
တဖက်မှာ ကျုပ်တို့ နှစ်ဂိုးပေးခဲ့ရတယ်။ နှစ်ဂိုးမှာ တစ်ဂိုးက အလွတ်တည်ကန်ဘောကနေ ပေးလိုက်ရတာ”လို့ ပြောကြားသွားပါတယ်။