ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ long ball king ဖြစ်လာတဲ့ မန်ချက်စတာ ယူနိုက်တက်
ဒီရာသီ ပရီးမီးယားလိဂ်မှာ long ball kings အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းကို တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အမြင့်ဘောပေးပို့မှု အကြိမ်ပေါင်း ၄၆၆ ကြိမ်အထိပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အများဆုံးဖြစ်နေသလို ဝုလ်ဗ်အသင်းကလည်း ၄၆၄ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီး ၆ သင်းထဲမှာ ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းက အမြင့်ဘောပေးပို့မှု အနည်းဆုံးဖြစ်ပြီး ၃၀၇ ကြိမ်သာရှိပါတယ်။
အသင်းကြီးတွေထဲမှာ အာဆင်နယ်က ၃၅၀ ကြိမ်နဲ့ အဆင့် ၁၇၊ လီဗာပူးလ်က ၃၆၆ ကြိမ်နဲ့ အဆင့် ၁၄၊ စပါးအသင်းက ၃၇၇ ကြိမ်နဲ့ အဆင့် ၁၂ နေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် လီဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲရယူခဲ့ပြီး အဲဒီပွဲမတိုင်ခင်ကတည်းက အမော်ရင်ဟာ အမြင့်ဘောတွေ အသုံးပြုပြီးတော့ ထိုးဖောက်ကစားသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် ၂ ပွဲဆက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဂိုးသမားဆန်နေးလန်မန်စ်ကလည်း မော်ဒန်ဘောလုံးလောကမှာ ရေပန်းစားနေတဲ့ Sweeper Keeper ကစားဟန်ထက် ၁၉၉၀ ကျော်ကာလတွေတုန်းက ဂိုးသမားတွေရဲ့ပုံစံအတိုင်း သူ့ဆီ ဘောလုံးရောက်တိုင်း အမြင့်ဘောနဲ့သာ ကန်တင်ပေးခဲ့ပါတယ်။
လီဗာပူးလ်နဲ့ပွဲမှာ လန်မန်စ်က ဘောလုံးပေးပို့မှုပေါင်း ၄၆ ကြိမ်ပြုလုပ်ခဲ့ပြီး,ပြီးခဲတဲ့ ဆန်းဒါးလန်းနဲ့ပွဲတုန်းကလည်း လန်မန်စ်ဟာ ဘောလုံးပေးပို့မှု ၄၄ ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။