ဒီတခါ တွေ့ခဲ့ရတာက အရင်ကလို မန်ချက်စတာ ယူနိုက်တက် မဟုတ်တော့ဘူးလို့ ဘရိုက်တန် နည်းပြ ဝန်ခံ
ဘရိုက်တန်နည်းပြ Fabian Hurzeler ကတော့ မန်ချက်စတာ ယူနိုက်တက်က အများကြီး ပြောင်းလဲ သွားပြီ ဖြစ်ပြီး အရင် ယူနိုက်တက် မဟုတ်တော့ဘူးလို့ ညက ယူနိုက်တက် ၄-၂ ဘရိုက်တန် ပွဲ အပြီးမှာ ဝန်ခံ စကား ဆိုလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကွန်ဟာ၊ ကာစီမီရိုနဲ့ အမ်ဘူမို တို့ သွင်းဂိုးတွေနဲ့ အတူ အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို အပြတ်အသတ် အသာရခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန် နည်းပြက ” ဒီနေ့ ကျနော်တို့ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တဒ်က အရင်ကစားခဲ့ဖူးတဲ့ ယူနိုက်တဒ်နဲ့ အများကြီး ကွာခြားသွားခဲ့ပါပြီ။

သူတို့က အရင်ကထက်ပိုပြီး ခက်ထန်မာကျောလာတယ် .. နိုင်ပွဲလိုချင်စိတ် ပိုပြီးပြင်းထန်လာတယ်။
ပိုပြီးကျစ်လစ်လာတယ်။
ကစားသမားတွေကြားမှာလည်း နားလည်မှုရှိရှိနဲ့ အချိတ်အဆက်မိမိကစားနေတာ မြင်တွေ့ခဲ့ရတယ်။ အရင်ကထက် အရည်အသွေးပိုမြင့်လာတယ်။ တိုးတက်မှုတွေ အများကြီးမြင်လာရတယ်။
အသင်းတာဝန်ရှိသူတွေအနေနဲ့ မှန်ကန်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ” လို့ ပွဲ အပြီးမှာ ဝန်ခံ စကား ဆိုခဲ့တာ ဖြစ်ပါတယ်။