ယူနိုက်တက်က အသင်းသား ၂ဦး ကြောင့် အများကြီး နိုင်ပွဲတွေ ရဦးမယ် လို့ ဟောကိန်းထုတ်လိုက်တဲ့ နဗီး

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ကြယ်ပွင့် ၂ ဦးကြောင့် နိုင်ပွဲတွေ အများကြီး ရဦးမယ် လို့ သရဲနီဂန္တဝင် ဂယ်ရီ နဗီးက ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဟောကိန်းထုတ်ခဲ့ပါတယ်။

တိုက်စစ်မှုးသစ် အမ်ဘူးမိုက စင်ရော်တွေကို အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကွန်ညာကလည်း ဒီနွေရာသီမှာ ဝုဗ်ကနေ ပြောင်းလာပြီးနောက်ပိုင်း ပထမဆုံး မန်ယူနိုက်တက်ကစားသမားဘဝ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်က ကွန်ညာအတွက် ပေါင် ၆၂.၅ သန်းပေးချေခဲ့ရပြီး အမ်ဘူးမိုအတွက် ဘရန့်ဖို့ကို ပေါင် ၇၂ သန်း ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒီကစားသမား ၂ ဦးစလုံးနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့ပြီး သရဲနီတွေအတွက် နိုင်ပွဲတွေအများကြီး ရယူပေးနိုင်မယ့်ကစားသမားတွေလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကွန်ညာနဲ့ အမ်ဘူးမိုတို့ရဲ့ အပြောင်းအရွှေ့က အန္တရာယ်ရှိတဲ့ ခေါ်ယူမှုတွေကို ဖယ်ရှားနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့က ပရီးမီးယားလိဂ်မှာ အရင်ကတည်းက ကစားခဲ့ကြပြီး မတူညီတဲ့ အဆင့်အတန်းမှာ စွမ်းဆောငပြဖို့ ဆာလောင်နေကြလို့ပါ။

အမ်ဘူးမိုက ဒီအဆင့်အတန်းမှာ စွမ်းဆောင်ပြနေကျပုံစံပေါ်ပါတယ်။ သူ့ကို ကြည့်ရတာ ဆာလောင်နေပြီး ဂိုးတွေ သွင်းယူချင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်က တစစုံတရာအပေါ်မှာ တည်ဆောက်ရမယ်။ ကွန်ညာနဲ့ အမ်ဘူးမိုတို့က မန်ယူနိုက်တက်အတွက် နိုင်ပွဲတွေအများကြီး ရယူပေးပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီ နဗီးနဲ့ အတူတင်ဆက်နေတဲ့ ဂျေမီ ရက်နက်ကလည်း ယူနိုက်တက်က အလားအလာ ကောင်းနေပြီး သရဲနီတွေအနေနဲ့ ဒီရာသီ အမှတ်ပေး ဇယားထိပ်ဆုံး ၅ နေရာအတွင်းမှာ ကျိန်းသေပေါက် ပြီးဆုံးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။