ဒီည ဖောရက်စ်ကို အဝေးကွင်းမှာ မန်ယူအသင်း မနိုင်ဘူး လို့ ခန့်မှန်းချက် ထုတ်လာတဲ့ ပေါမာဆန်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ စနေညမှာ နော်တင်ဟမ် ဖောရက်စ်နဲ့ အဝေးကွင်းပွဲ ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။
ဖောရက်စ် – ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်ယူနိုက်တက်က အရင်လိုမဟုတ်တော့ဘဲ အပြောင်းအလဲဖြစ်နေတဲ့ အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်တို့သိခဲ့တဲ့ မနိယူနိုက်တက်သာဆိုရင် အရင်အပတ် ဘရိုက်တန်နဲ့ ပွဲမှာ ရှုံးနိမ့်မှာပါ။
ဒါပေမယ့် အဲဒီပွဲကို သူတို့တွေ ၄-၂ နဲ့ အနိင်ရခဲ့တာနဲ့အတူ ကံကောင်းမှုတွေလည်း ရှိခဲ့တယ်ဆိုတာ သဘောတူပေမယ့် အနိုင်တော့ရခဲ့ပါသေးတယ်၊ အဲဒါက အရေးအကြီးဆုံးပါပဲ။
ဒီတပတ် ပွဲမှာ အနိုင်ရမယ့်အသင်းကို ရွေးချယ်ရရင် မန်ယူနိုက်တက်ပဲ ရွေးရပါလိမ့်မယ်။
ဒါပေမယ့် ဒီပွဲကို ရှောင်ဒိုက်ချ် ဘယ်လိုချဉ်းကပ်လာမလဲဆိုတာကို ကျွန်တော် သိပြီး မန်ယူနိုက်တက်ကို စိတ်ပျက်အောက် လုပ်ဖို့ ဖောရက်စ်ကို ပြင်ဆင်လာမှာပါ။ သူက ခံစစ်မှာ ပိတ်ဆော့မှာဖြစ်ပြီး မန်ယူနိုက်တက်က ဖောရက်စ်ကို နာကျင်စေနိုင်တဲ့ တိုက်စစ်အင်အားရှိရင်တောင်မှ သူတို့ကို ဖြိုခွဲဖို့ လွယ်မှာမဟုတ်ပါဘူး။
ဒီပွဲပြီးမှ မနိယူနိုက်တက်ရဲ့ ထိပ်ဆုံး ၅ နေရာထဲ ပြီးဆုံးနိုင်မယ့် အခွင့်အရေးကို ကျွန်တော် သတ်မှတ်မှာပါ။ ခြေစွမ်းနဲ့ ခြေစွမ်းပိုင်းတည်ငြိမိမှုက မတူညီတဲ့အရာ ၂ ခုပါ။
သူတို့ ဖောရက်စ်ကို အနိုင်ယူနိုင်ရင် သူတို့တွေက ထိပ်ဆုံး ၅ နေရာ ယှဉ်ပြိုင်သူတွေအဖြစ် ခင်ဗျား တွေးမိမှာပါ။ ဒါပေမယ့် သူတို့တွေဒီပွဲမှာ ၃ မှတ်ရမယ်လို့တော့ မထင်ဘူး။ ၁-၁ သရေလောက်နဲ့ပဲ ပြီးပါလိမ့်မယ်။ ” လို့ မာဆန်က သုံးသပ် ခန့်မှန်းထားတာ ဖြစ်ပါတယ်။