ချားလ်စ် ဘုရင်ကြီး ကိုယ်တိုင် ဆာဘွဲ့ ချီးမြှင့်ခြင်း ခံလိုက်ရတဲ့ သရဲနီဟောင်း ဒေးဗစ်ဘက်ခမ်း
သရဲနီဟောင်း တစ်ဦး ဖြစ်သလို အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ ဘောလုံးနဲ့ဗြိတိသျှလူ့အဖွဲ့အစည်းအတွက် စွမ်းဆောင်မှုတွေကြောင့် ဆာဘွဲ့ ချီးမြှင့်ခံရပါတယ်။
ဒေးဗစ်ဘက်ခမ်းအတွက် ဆာဘွဲ့ကို ဗြိတိန် ဘုရင်ကြီး ချားလ်းစ်ကိုယ်တိုင် ဘာဂင်ဟမ်နန်းတော်မှာ ဒီနေ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။
“အရှေ့လန်ဒန်မှာ မွေးဖွားခဲ့တဲ့ ကျွန်တော့်အတွက် ဒီနေ့ဟာဘယ်လောက်ထူးခြားတဲ့နေ့လဲဆိုတာ ဖော်ပြလို့တောင် မရနိုင်ပါဘူး။ ဘုရင်ကြီးဆီကနေ ဆာဘွဲ့လက်ခံရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး အရမ်းလည်းကျေးဇူးတင်ပါတယ်။
ကံကောင်းပြီး ကျွန်တော့်နိုင်ငံအတွက် ကိုယ်စားပြုခွင့် ရနေရတာအတွက်လည်း အမြဲတမ်း ဂုဏ်ယူနေမှာပါ”လို့ သူ့ရဲ့ ဖေ့စ်ဘုခ် ကနေ ဂုဏ်ယူစကားပြောခဲ့ပါတယ်။
ဗြိတိန်တော်ဝင်မိသားစုရဲ့ ဝင်ဆာ ရဲတိုက်ကြီးမှာပြုလုပ်ခဲ့တဲ့ ဆာဘွဲ့ပေးအပ်တဲ့အခမ်းအနားကို ဒေးဗစ်ဘက်ခမ်းနဲ့အတူ သူ့ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်း၊ ဒေးဗစ်ဘက်ခမ်း အမေနဲ့အဖေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဘက်ခမ်းဟာ ဘောလုံးသမား ဘဝ အနားယူပြီးနောက် ၂၀၀၅ ခုနှစ်ကနေ၂၀၁၅ခုနှစ်အထိ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့ Unicefမှာပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ ၂
၀၂၄ ခုနှစ်မှာဗြိတိသျှဘုရင်ဖောင်ဒေးရှင်းရဲ့သံတမန်တစ်ဦးဖြစ်လာခဲ့ပြီး ချားလ်စ်ဘုရင်ရဲ့ပညာရေးအစီအစဉ်နဲ့ လူငယ်တွေသဘာဝတရားကိုပိုမိုနားလည်စေဖို့ကြိုးပမ်းမှုတွေအတွက်လည်း ပံ့ပိုးပေးခဲ့ပါတယ်။
၂၀၀၃ခုနှစ်မှာ အယ်လီဇဘက်ဘူရင်မကြီးကချီးမြှင့်တဲ့ OBE ဘွဲ့ကိုဒေးဗစ်ဘက်ခမ်းရရှိခဲ့ပါတယ်။ သူဟာယူနိုက်တက်နဲ့ အင်္ဂလန်အသင်းဖော်ဟောင်း ဂယ်ရီနဗီးလ်နဲ့အတူ League Two ကလပ် Salford Cityကို ပူးတွဲပိုင်ဆိုင်ထားပြီး MLS ကလပ် Inter Miami ရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်ပါတယ်။