အာဆင်နယ် ပြောင်းလာဖို့ မေးတဲ့ အပေါ် ကွန်ညာ အဖြေကြောင့် အသည်းနာနေတဲ့ ဂ-န်-းနားများ
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားသီးယပ်စ် ကွန်ညာက အာဆင်နယ်ပရိသတ်တစ်ဦးက ဂန်းနားတွေအတွက် အိုးထရက်ဖို့ဒ်ကို ဘယ်အချိန်ကျရင် စွန့်ခွာမလဲလို့ မေးမြန်းခံခဲ့ရပါတယ်။
ဒါပေမယ့် ကွန်ညာကတော့ ဒီမေးခွန်းကို ရယ်စရာကောင်းတဲ့ဟာသတစ်ခုလို မြင်ခဲ့ပုံပေါ်ပါတယ်။
သရဲနီတွေဟာ ကွန်ညာကို ဒီနွေရာသီမှာ ဝုဗ်ကနေ ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ အမိုရင်ရဲ့ တိုက်စစ်အသစ်မှာ အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းကလည်း ကွန်ညာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အာတီတာက တိုက်စစ်အတွက် ယော်ကရက်စ်၊ အီဇီနဲ့ မာဒူအဲခီတို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ကွန်ညာဟာ လက်ရှိမှာ စနေနေ့ အမ်းမရိတ်စ်ကွင်းမှာ ဆီနီဂေါနဲ့ ခြေစမ်းပွဲကစားဖို့အတွက် လန်ဒန်မှာ ဘရာဇီးအသင်းနဲ့အတူ ရှိနေတာဖြစ်ပြီး ဟိုတယ်မှာ ဘရာဇီးအသင်းဖော်တွေနဲ့ ရှိနေချိန်မှာ အာဆင်နယ်ပရိသတ်နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်က ကွန်ညာကို ချဉ်းကပ်ခဲ့ပြီး ဘယ်အချိန်ကျရင် အာဆင်နယ်ကို ပြောင်းလာမှာလဲလို့ မေးမြန်းခဲ့ရာမှာ ကွန်ညာက ရယ်မောပြီးတော့ ‘ဟင့်အင်း ကျေးဇူးပဲ’လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေကတော့ ကွန်ညာ အဖြေကို မကျေမနပ် ဖြစ်နေပြီး တစ်ဦးက ဆိုရင် အဲဒီအဖြစ်အပျက်ကို လူမှုကွန်ရက်ပေါ်မှာ “ဘရို ရယ်နေတဲ့ပုံစံက မသိရင် ပွဲထွက် ၁၁ ဦးထဲတောင် ပါနိုင်မယ့်ပုံစံနဲ့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။