ဆန်ချိုနဲ့ ဆွေးနွေးနေတဲ့ ကလပ်များ၊ သန်း ၁ဝဝ တန် ပ-စ်မှ-တ်၊ ရိုယို သဘောထားနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းမှ အပြီး ထွက်ဖို့သာ ရှိနေတဲ့ ဆန်ချိုဟာ လာမယ့်ဆောင်းမှာ ဖီနာဘာချီ၊ ဂါလာတာစာရေး၊ ဘီဆစ်တက်စ်တို့လို တူရကီ ကလပ်အသင်းတွေနဲ့ ဆွေးနွေးနေပါတယ်။

ယူနိုက်တက် ဘက်ကလည်း ဆန်ချိုကို အလွတ်နဲ့ ထွက်ခွါခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဖောရက်စ် ကြယ်ပွင့် အန်ဒါဆန်ကို ပေါင် သန်း ၁၀၀ အထိ ပေးချေဖို့ ဆန္ဒရှိနေပြီး မန်ယူကလည်း အပြိုင်စောင့်ကြည့်နေပါတယ်။

ကာဆာမဲရိုးဟာ မန်ယူနိုက်တက် ရဲ့ စာချုပ်သစ်ကို လက်ခံဖို့ မရှိတာကြောင့် အစားထိုးပစ်မှတ်အဖြစ် ရီးရဲလ်မှ တူချောင်မန်နီကို ယူနိုက်တက် တို့ စောင့်ကြည့်နေပါတယ်။

မန်စီးတီးအသင်းဟာ နယူးကာဆယ် နောက်ခံလူ လီဗရာမန်တို ကို လာမယ့်နွေ ပစ်မှတ်အဖြစ် သက်မှတ်ထားသလို မန်ယူနိုက်တက် ကလည်း စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက် နောက်ခံလူ ရိုယိုကတော့ ရီးရဲလ်နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ဘယ်တော့မှ ဖြစ်လာစရာ အကြောင်းမရှိဘူးဆိုပြီး ငြင်းဆန်သွားခဲ့ပါတယ်။

နာပိုလီ အသင်းဟာ ယူနိုက်တက် ကွင်းလယ်ကစားသမား မိန်နိုးကို ခေါ်ယူလိုနေသလို ပရီးမီးယားလိဂ်ကလပ်အသင်း အတော်များများလည်း စောင့်ကြည့်နေပါတယ်။