မက်ဆီနဲ့ ဒိုလေး မဟုတ်တဲ့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံးက ကစားသမား အမည် အလန်ရှီးယား ထုတ်ပြော

ပရီးမီးယားလိဂ် ဂန္တဝင်တိုက်စစ်မှူးကြီး အလန်ရှီးယားက ရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ အားပြိုင်မှုကြောင့် ဆာလာက ထင်ပေါ်သင့်သလောက် မထင်ပေါ်ဘူးလို့ ဝေဖန်ပြောကြားလာပါတယ်။ ဆာလာဟာ လက်ရှိ ဘောလုံးရာသီမှာ လီဗာပူးအတွက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနေပြီး ဂိုးတွေလည်း ဆက်တိုက် သွင်းယူနေတာပါ။

အလန် ရှီးယားက “လက်ရှိအချိန်မှာ ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက်ပါ။ ဂိုးသွင်းအကောင်းဆုံး၊ ခြေစွမ်းအကောင်းဆုံးဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ အကောင်းဆုံးအသင်းတွေကို ရင်ဆိုင်ပြီး ခြေစွမ်းပြနေတာပါ”

“သူ့ရဲ့ စွမ်းဆောင်ရည်တွေက မှော်ဝင်တဲ့ စွမ်းဆောင်ရည်တွေပါ။ ဘလွန်းဒီအော်ဆုအတွက် သူက ဘာလို့များ အဆင့် (၇) ကို ရောက်နေရတာလဲ? ရော်နယ်ဒိုနဲ့ မက်ဆီတို့က ကမ္ဘာ့ဘောလုံးလောကရဲ့ ခေတ်တခုကို လွှမ်းမိုးခဲ့တာ ကျနော် နားလည်ပါတယ်”

“ဒါပေမယ့် အခုချိန်မှာ ကျနော့်အသင်းအတွက် ကစားသမားတယောက်ကို ရွေးချယ်ခွင့်ရမယ်ဆိုရင် အဲ့ဒါ ဆာလာပဲဖြစ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီက (၇) ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ (၂၀၂၁) ဘလွန်းဒီအော်ဆု သတ်မှတ်ချက် အငြင်းပွားစရာတွေရှိခဲ့ပြီး ဆာလာက အဆင့် (၇) ပဲရခဲ့တာကို လီဗာပူးနည်းပြ ကလော့ပ် မကျေမနပ်ဖြစ်ခဲ့ရပါတယ်။

ZG

ပရီးမီးယားလိဂ္ ဂႏၲဝင္တိုက္စစ္မႉးႀကီး အလန္ရွီးယားက ေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ရဲ႕ အားၿပိဳင္မႈေၾကာင့္ ဆာလာက ထင္ေပၚသင့္သေလာက္ မထင္ေပၚဘူးလို႔ ေဝဖန္ေျပာၾကားလာပါတယ္။ ဆာလာဟာ လက္ရွိ ေဘာလုံးရာသီမွာ လီဗာပူးအတြက္ အေကာင္းဆုံးေျခစြမ္းေတြကို ျပသေနၿပီး ဂိုးေတြလည္း ဆက္တိုက္ သြင္းယူေနတာပါ။

အလန္ ရွီးယားက “လက္ရွိအခ်ိန္မွာ ဆာလာက ကမာၻ႔အေကာင္းဆုံး ကစားသမားတေယာက္ပါ။ ဂိုးသြင္းအေကာင္းဆုံး၊ ေျခစြမ္းအေကာင္းဆုံးျဖစ္ပါတယ္။ ကမာၻ႔အေကာင္းဆုံးလိဂ္မွာ အေကာင္းဆုံးအသင္းေတြကို ရင္ဆိုင္ၿပီး ေျခစြမ္းျပေနတာပါ”

“သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြက ေမွာ္ဝင္တဲ့ စြမ္းေဆာင္ရည္ေတြပါ။ ဘလြန္းဒီေအာ္ဆုအတြက္ သူက ဘာလို႔မ်ား အဆင့္ (၇) ကို ေရာက္ေနရတာလဲ? ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔က ကမာၻ႔ေဘာလုံးေလာကရဲ႕ ေခတ္တခုကို လႊမ္းမိုးခဲ့တာ က်ေနာ္ နားလည္ပါတယ္”

“ဒါေပမယ့္ အခုခ်ိန္မွာ က်ေနာ့္အသင္းအတြက္ ကစားသမားတေယာက္ကို ေ႐ြးခ်ယ္ခြင့္ရမယ္ဆိုရင္ အဲ့ဒါ ဆာလာပဲျဖစ္ပါလိမ့္မယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မက္ဆီက (၇) ႀကိမ္ေျမာက္ ဆြတ္ခူးခဲ့တဲ့ (၂၀၂၁) ဘလြန္းဒီေအာ္ဆု သတ္မွတ္ခ်က္ အျငင္းပြားစရာေတြရွိခဲ့ၿပီး ဆာလာက အဆင့္ (၇) ပဲရခဲ့တာကို လီဗာပူးနည္းျပ ကေလာ့ပ္ မေက်မနပ္ျဖစ္ခဲ့ရပါတယ္။