ဒီအပတ် မန်ချက်စတာ ယူနိုက်တက် – အဲဗာတန် ပွဲစဉ် အတွက် ပေါမာဆန်ကြီး ရဲ့ သုံးသပ်ခန့်မှန်းချက်
ဒီတပတ် မန်ယူနိုက်တက်-အဲဗာတန် ပွဲစဉ် အတွက် ဝါရင့် သုံးသပ်သူ ပေါမာဆန် ရဲ့ သုံးသပ် ခန့်မှန်းချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။
မန်ယူနိုက်တက်က သူတို့ရဲ့ စည်းချက်ကို ရှာတွေ့ဖို့ ဖြည်းဖြည်းချင်း စတင်ရှာဖွေနေတယ်။ ကျွန်တော် အဲဒါကို ဂရုတစိုက်ပြောနေတာပါ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီ ဒါမှမဟုတ် အဲဒီရာသီမတိုင်ခင်တုန်းက သူတို့နဲ့ပတ်သက်ပြီး ဒီလို ကျွန်တော်တို့ မပြောခဲ့ရလို့ပါ။
ယူနိုက်တက်က ရလဒ်ကောင်းတွေ ဆက်တိုက် ရယူတဲ့အပိုင်းမှာတော့ တော်တော်လေး ဆိုးရွားခဲ့ပေမယ့် အခုတော့ မျှော်လင့်ချက်နည်းနည်းရှိနေပါပြီ။
ဘန်ဂျမင် ရှက်ရှ်ကို မပါဝင်နိုင်တာက အဲဗာတန်အတွက် အကူအညီဖြစ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ သူနဲ့ ပိုပြီး ရင်ဆိုင်ကစားချင်လို့ပါ။ ရှက်ရှ်ကိုသာ ကစားခဲ့ရင် အဲဗာတန်က သူတို့တွေ ဘယ်သူနဲ့ ရင်ဆိုင်ရမယ်၊ သူ့ကို ဘယ်လိုလူကပ်ရမယ်ဆိုတာ သိနေဦးမှာပါ။
ကွန်ညာက ဖော့စ်နိုင်းနေရာမှာ ကစားတဲ့အခါမှာ အဲဒါက လုံးဝ ကွာခြားသွားတယ်။ ခင်ဗျား ကွန်ညာကို တစက္ကန့်လောက်ကြည့်လိုက်တဲ့အချိန်မှာ ခင်ဗျား နောက်ထပ်သိလိုက်ရတာက ဘရိုင်ယန် အမ်ဘူးမိုက သူနဲ့အတူ အပ်ချည်လုံးနဲ့ အပ်လို တွဲပြီး အလုပ်လုပ်နေတယ်ဆိုတာ သိသွားမှာပါ။ ရှက်ရှ်ကိုနဲဆိုရင် မန်ယူနိုက်တက်က တပေါက်တည်း ကစားနိုင်ပြီး အဲဒါက ဖြေရှင်းဖို့ ပိုလွယ်ပါတယ်။
ကက်စမီရိုက အခု ယုံကြည်မှုရှိနေတဲ့ပုံပေါ်ပြီး အဲဒါက သရဲနီတွေအတွက် ကြီးမားတဲ့ ကွဲပြားခြားနားမှုကို ပြုလုပ်ပေးနိုင်မှာပါ။ ကျွန်တော်ကတော့ သူ့ကို မချီးကျူးဘဲမနေချင်ဘူး။ သူက ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရီးရဲနဲ့အနိုင်ရခဲ့ပေမယ့်လည်း ကွန်ညာနဲ့ အမ်ဘူးမိုရောက်လာတာက သူ့အတွက် ပိုအကျိုုးရှိလာတယ်။
အသင်းတွေက အခုဆိုရင် ယူနိုက်တက်က တိုက်စစ်ဆင်နေချိန်မှာ ခြိမ်းခြောက်နိုင်တယ်ဆိုတာကို သတိထားမိနေပြီ။ အဲဒီတော့ သူတို့တွေ အရမ်းဖွင့်ပြီးတော့ မကစားချင်ကြတော့ဘူး။
အဲဒါက ကက်စမီရိုအတွက် ဖိအားအချို့ လျော့စေပြီး အသင်းတွေကလည်း တန်ပြန်တိုက်စစ်မှာ ခြိမ်းခြောက်နိုင်တဲ့ ကစားသမား ၂ ယောက်ကိုပဲ ဆက်တိုက် မည်းနေကြပါပြီ။ ခင်ဗျားနားမှာ လူတွေရှိတဲ့အခါမှာ ခင်ဗျား ကောင်းကောင်း စကစားနိုင်လာပါတယ်။ ပေါင်းစပ်မှုက ကောင်းမွန်တဲ့ ကော့တေးတခွက်လို ဖြစ်လာပါတယ်။
မန်ယူနိုက်တက်က ဖောရက်စ်ကို အနိုင်မယူနိုင်ခဲ့ပေမယ့်လည်း သူတို့တွေ အခုအချိန်မှာ အမြင့်ပျံနေပါတယ်။ အဲဒီသရေပွဲက စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် သူတို့တွေ ဒီအပတ်မှာ နိုင်ပွဲပြန်ယူသွားမမယ်လို့ထင်ပြီး ၂-၀ နဲ့ အနိုင်ရသွားပါလိမ့်မယ်။