ပဲလေ့စ် ကို အဝေးကွင်းမှာ မန်ယူနိုက်တက် ရှုံးဦးမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ပေါမာဆန်

ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်ဟာ ခရစ်စတယ် ပဲလေ့စ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ပဲလေ့စ်-မန်ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ်ထားပါတယ်။

” မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့အပတ်မှာ အံ့အားသင့်စရာကောင်းခဲ့တယ်။ အဲဗာတန်က ၁ ယောက်လျော့နေခဲ့တာတောင်မှ အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းပြီး အနိုင်ရခဲ့‌သေးတယ်။ ဒါက ရူဘင် အမိုရင်ရဲ့အသင်းဆီက တကယ်ကို ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပါ။

ယူနိုက်တက်သာ အခုနည်းပြသစ်ရှာဖွေနေရင် သူတို့တွေ ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စ်နာလို လူမျိုးကို ပစ်မှတ်ထားရမယ်။

သူက အမိုရင်နဲ့ တူညီတဲ့ကစားကွက်ကို ကစားနေပြီး တစ်ခုတည်းသော ကွာခြားချက်က ဂလက်စ်နာ က အဲဒီကစားကွက်မှာ သုံးနိုင်တဲ့ ကစားသမားတွေရှိတယ်။ အမိုရင်ကတော့ သူ့မှာ အဲဒီလိုကစားသမားတွေမရှိပေမယ့် ခေါင်းမာမာနဲ့ တခြားကစားကွက်မပြောင်းလဲ ဆက်ကစားနေတာပါ။

မန်ယူနိုက်တက်က အမိုရင်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့အချိန်မှာ သူ့ စပို့တင်းအသင်း ကစားတဲ့ပုံအတိုင်း ကစားဖို့ သူ့ကို ခေါ်ယူခဲ့တာပါ။

သူက အခုဆိုရင် ဒီမှာရှိနေခဲ့တာ ၁ နှစ်ရှိပြီဖြစ်ပြီး သူတို့တွေ အသားကျအောင် လုပ်ဖို့ လုံလောက်တဲ့အချိန် ရခဲ့ပြီလို့ ခင်ဗျားတွေးပါလိမ့်မယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ မန်ယူနိုက်တက်က ခြေစွမ်းပိုင်း တည်ငြိမ်ဖို့တောင် အဝေးကြီး ရှိသေးပြီး ဒီပွဲလည်း ရှုံးဦးမမှာပဲလို့ထင်တယ်။

ပဲလေ့စ် ၂-၁ နဲ့ အနိုင်ရသွားပါလိမ့်မယ်။ ” လို့ ပေါမာဆန်က သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။