ဒီတခါတော့ မန်ချက်စတာ ယူနိုက်တက် ဘက်က ရပ်တည်လိုက်တဲ့ ပေါမာဆန်ရဲ့ ဝက်စ်ဟမ်းနဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဝက်စ်ဟမ်း အသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ယူနိုက်တက်-ဝက်စ်ဟမ်း ပွဲစဉ် အတွက် အခုလို သုံးသပ်ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ပဲလေ့စ်ကို အနိုင်ရခဲ့တာက မန်ချက်စတာ ယူနိုက်တက်အတွက် အရမ်းကောင်းတဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။ သူတို့တွေ ပထမပိုင်းမှာ ပဲလေ့စ်ကို ပြဿနာမဖြစ်စေခဲ့ဘဲ အဖွင့်ဂိုးပေးခဲ့ရတယ်။

ဒါပေမယ့် မန်ယူနိုက်တက်ကို ဒုတိယပိုင်းမှာ အပြောင်းအအလဲတွေလုပ်ပြီး နိုင်ပွဲရယူနိုင်ခဲ့တာကိုတော့ ချီးကျူးရမှာပါ။

အရင်က ပြောခဲ့သလိုပဲ သူတို့တွေက အဲဗာတန်ကို ရှုံးခဲ့တဲ့ပွဲမှာ တော်တော် ဆိုးရွားခဲ့ပြီး ဒီစွမ်းဆောင်ရည်နဲ့နှိုင်းယှဉ်ရင် မိုးနဲ့မြေလောက် ကွာပါတယ်။

ကျွန်တော်ကတော့ ဒီပွဲမှာ ဂိုးတွေများမယ်လို့ ထင်ပြီး ဝက်စ်ဟမ်းက ပြဿနာကြီးကြီးမားမား ဖြစ်စေနိုင်မယ်လို့ မထင်ပါဘူး။

မန်ချက်စတာ ယူနိုက်တက်က ခြေစွမ်းပိုင်းတတည်ငြိမ်မှအချို့ပဲ လိုအပ်ပြီး ဒီရလဒ်ကသူတို့ကို မှန်ကန်တဲ့ ဦး‌တည်ချက်ကို ‌ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေမှာပါ။

အိမ်ရှင်တွေက ၃-၁ နဲ့ အနိုင်ရသွားပါလိမ့်မယ်။