နော့ဝစ်ချ် Vs မန်ယူပွဲအတွက် ဂိုးပြတ်မယ်ဆိုတဲ့ ရလဒ်ကြီးကို ခန့်မှန်းလိုက်တဲ့ အိုဝင်
မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ နောဝစ်ချ်နဲ့ အဝေးကွင်းပွဲ ကစားရတဲ့အခါ ၃ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲရရှိဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ယန်းဘွိုင်းစ်နဲ့ တစ်ဂိုးစီ သရေကျတဲ့ပွဲမှာ ပွဲထွက်လူစာရင်း ၁၁ ယောက်လုံးကို ရက်ဖ်ရန်းစ်က အပြောင်းအလဲ လုပ်ခဲ့ပြီး လူငယ်၊ အရန်ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာဖြစ်သလို အခုတပတ် ကာရိုးရုတ်ဒ်က ပွဲမှာတော့ သူ့ရဲ့ ပုံမှန်ပွဲထွက်သူတွေကို ပြန်လည် ထည့်သွင်းလာဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာ ချန်ပီယံလိဂ် နောက်ဆုံးနေရာအတွက် ဝက်စ်ဟမ်းရဲ့နောက် ၃ မှတ် အကွာမှာ ရပ်တည်နေပြီး အဲ့ဒီ့ကွာဟချက်ကို လျှော့ချဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

အိုဝင်ရဲ့ သုံးသပ်ချက်က ‘ နော့ဝစ်ချ်ဟာ စပါးနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အများအပြား ရခဲ့ပေမယ့်လည်း ပြိုင်ဘက်ကို ဂိုးသွင်းနိုင်မယ့်ပုံ မရှိခဲ့တာကတော့ ထူးခြားပါတယ်။ သူတို့ဟာ ဒင်းစမစ်ရဲ့ လက်အောက်မှာ တိုးတက်လာခဲ့ပေမယ့်လည်း လိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအနည်းဆုံး အသင်း ဖြစ်ပါတယ်။
ရပ်ဖ်ရန်းနစ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က သူ့ရဲ့ ယာယီနည်းပြဘ၀ အစကို ကောင်းစွာ တာထွက်နိုင်ခဲ့ပေမယ့်လည်း ခြေစွမ်းက တအားကောင်းခဲ့တာ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ ပိုမို စုစည်းမှုကောင်းလာတာကိုတော့ မြင်တွေ့ရပြီး ဒီပွဲမှာလည်း တိုးတက်မှုတွေ မြင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ယူနိုက်တက်တို့ သက်တောင့်သက်သာ နိုင်သွားမှာပါ ‘ လို့ဆိုတယ်။
အိုဝင် ခန့်မှန်းချက် : နော့ဝစ်ချ် ဝ-၂ မန်ယူနိုက်တက်