ရန်းနစ် အစွန်ခံစစ်တွေကို ဝေဖန်တဲ့ နဗီးလ်၊ လင်ဒီလော့ဖ်၊ ကာဗာနီ၊ မာရှယ်တို့နဲ့ ယနေ့ည မန်ယူ သတင်းများ
နဗီးလ်က နည်းပြသစ် ရန်းနစ်က အစွန် ခံစစ်နေရာတွေမှာ ဒါလော့နဲ့ တဲလက်စ်တို့ကို သုံးစွဲခြင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းတွေနဲ့ တွေ့တဲ့အခါ ရုန်းကန်ရနိုင်တယ်လို့ သတိပေးလိုက်ပြီး နောဝစ်ခ်ျနဲ့ပွဲမှာ မန်ယူရဲ့ စွမ်းဆောင်ရည် က မကောင်းဘူးလို့ ထောက်ပြခဲ့ပါတယ်။
မန်ယူနည်းပြ ရန်းနစ်က နောဝစ်ခ်ျနဲ့ ပွဲမှာ မန်ယူအနေနဲ့ ကြံ့ခိုင်မှုပိုင်းအားနည်းခဲ့ကြောင်း၊ ဒီပွဲစဉ်က ကြံ့ခိုင်မှုပိုင်း အားပြု ကစားတဲ့ပွဲဖြစ်ခဲ့ပြီး နောဝစ်ခ်ျ ဟာ ဇယားအောက်ဆုံးက အသင်းလို့ မထင်ရအောင် ကစားပုံကောင်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားက နောဝစ်ခ်ျနဲ့ပွဲမှာ အသက်ရှူပြဿနာရင်ဆိုင်ခဲ့ရတဲ့ အသင်းဖော် လင်ဒီလော့ဖ်နဲ့ ပတ်သက်ပြီး “အ၀တ်လဲခန်းအတွင်းမှာတော့ သူက နည်းနည်း မသက်မသာ ခံစားနေရပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိနိုင်ပါဘူး။ လာမဲ့ရက်ပိုင်းအတွင်း သိနိုင်မှာပါ”လို့ ပြောဆိုခဲ့ပါတယ်။
ဂယ်ရီနဗီးလ်က မန်ယူတိုက်စစ်မှူး မာရှယ်လ်အနေနဲ့ အသင်းကနေ ထွက်ခွာချိန်တန်ပြီဖြစ်ကြောင်း၊ မာရှယ်လ်အနေနဲ့ ပွဲထွက်ကစားခွင့် လိုအပ်နေကြောင်း အကြံပြု တိုက်တွန်းခဲ့ပါတယ်။
မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားက ပွဲကြပ်တွေ ကစားရတဲ့အခါ ပွဲတိုင်းမှာ အမြင့်ဆုံး စွမ်းဆောင်ရည်ကို မရနိုင်ကြောင်း နောဝစ်ခ်ျနဲ့ ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။ ထိုပွဲမှာ ဒီဂီယာ အနေနဲ့ လက်စွမ်းကောင်းကို ပြသ နိုင်ခဲ့တယ်လို့လည်း ချီးကျူးခဲ့ပြီး မန်ယူ ခံစစ်ကြောင်းက ဒီထက်ပိုပြီးတိုးတက်ဖို့လိုကြောင်း ဖွင့်ဟ ၀န်ခံခဲ့ပါတယ်။
မန်စီးတီးဂိုးသမား အီဒါဆန်က ချန်ပီယံပြေးလမ်းကနေ မန်ယူကို ပယ်ထားလို့ မရသေးကြောင်း၊ လက်ရှိမှာ မန်ယူ အနေနဲ့ များစွာ တည်ငြိမ်လာကြောင်း၊ မန်ယူအနေနဲ့ ပြင်ဆင်မှု အားကောင်းကြောင်း၊ ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ဘာမဆိုဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူ အမေ့ခံကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ပါရဲရားက အငှား ကစားနေတဲ့ ဖလာမင်ဂိုထံ အပြီးသတ် ပြောင်းရွှေ့ချင်ကြောင်း ဖွင့်ဟခဲ့ပြီး ထိုအတွက်လည်း လုပ်ဆောင်လျက်ရှိနေကြောင်း ဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ဘရာဇီးကလပ် ကိုရင်သီယန်လည်း ပါဝင် လာခဲ့ပြီ ဖြစ်ပါတယ်။ ကိုရင်သီယန်ဟာ ကာဗာနီကို ခေါ်ယူဖို့စုံစမ်းမှုတွေ ပြုလုပ်လျက်ရှိနေတာပါ။