ဒီရာသီ ပရီးမီးယားလိဂ်ဖလား ယူမှာကတော့ ချဲလ်ဆီးမှ ချဲလ်ဆီးပဲ ဆိုတဲ့ ဂိုးသမားကြီး ဂျိမ်း
အင်္ဂလန် ဂိုးသမားဟောင်းကြီး ဒေးဗစ် ဂျိမ်း က ချဲလ်ဆီးအသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူး နဲ့ မန်စီးတီး တို့ ကို ကျော်ဖြတ်ပြီး ဗိုလ်စွဲသွားမယ်လို့ ခန့်မှန်းလိုက်ကာ လန်ဒန်ကလပ်ဟာ ပြိုင်ပွဲရဲ့ အနိုင်ယူဖို့ အခက်ခဲဆုံး အသင်းလို့ ဆိုလိုက်ပါတယ်။

သောမတ် တူချယ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ချန်ပီယံလိဂ် ဗိုလ်စွဲ နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ရာသီ အဖွင့်ကိုလဲ အကောင်းဆုံး ရလဒ်တွေ နဲ့ ဖွင့်လှစ်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီတလော ဒဏ်ရာ ပြသနာတွေ ကြုံနေရတဲ့ ချဲလ်ဆီးဟာ ခြေစွမ်းရော ရလဒ်တွေပါ မတည်ငြိမ် ဖြစ်လာနေပါတယ်။
ဒေးဗစ် ဂျိမ်း ကတော့ ချဲလ်ဆီး ပဲ ပရီးမီးယားလိဂ် ဖလားယူနိုင်မယ် ယူဆထားတဲ့ သူ့ အမြင်ကို အခုလိုပဲ ချပြသွားခဲ့ ပါတယ်။
“ ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် မှာ အနိုင်ယူဖို့ အခက်ခဲဆုံး အသင်းပါပဲ။ လက်ရှိ ခရစ္စမတ် ကာလမှ အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံး ကို ရပ်တည် မနေဘူး ဆိုရင်တောင် ကျနော် က သူတို့ အသင်းပဲ ဗိုလ်စွဲမယ်လို့ မှန်းထားတာပါ။ ဒါကလဲ ပွဲစဉ် အနေအထားကို ကြည့်ပြီး ပြောတာပေါ့။
လောလာဆယ် မှာက မန်စီးတီး နဲ့ လီဗာပူး တို့က သူတို့ထက် ပွဲချောင်နေတယ်လေ။ ဒါပေမယ့် အသင်းတိုင်းဟာ ရုန်းကန်ရတဲ့အခိုက်အတန့် တစ်ခုတော့ ရှိတတ်တာပါပဲ။ ပြီးခဲ့တဲ့ ပွဲတွေ မှာ ဆိုရင် လီဗာပူး ရော၊ မန်စီးတီး ပါ ကပ်ပြီး အနိုင်ရခဲ့ကြတာပါ။
ဒီရာသီက အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘောလုံးရာသီမျိုးပါ။ ကျနော် ကတော့ ချဲလ်ဆီး ပဲ ဗိုလ်စွဲမယ် မှန်းထား ပါတယ်။ လီဗာပူး ရဲ့ လက်ရှိ ပုံစံကောင်းတွေ မြင်ရတော့ အရမ်းကို နီးစပ်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်” လို့ ပြောဆို သွားခဲ့ပါတယ်။

ZG
အဂၤလန္ ဂိုးသမားေဟာင္းႀကီး ေဒးဗစ္ ဂ်ိမ္း က ခ်ဲလ္ဆီးအသင္း ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူး နဲ႔ မန္စီးတီး တို႔ ကို ေက်ာ္ျဖတ္ၿပီး ဗိုလ္စြဲသြားမယ္လို႔ ခန္႔မွန္းလိုက္ကာ လန္ဒန္ကလပ္ဟာ ၿပိဳင္ပြဲရဲ႕ အႏိုင္ယူဖို႔ အခက္ခဲဆုံး အသင္းလို႔ ဆိုလိုက္ပါတယ္။
ေသာမတ္ တူခ်ယ္ရဲ႕ အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ က ခ်န္ပီယံလိဂ္ ဗိုလ္စြဲ ႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ရာသီ အဖြင့္ကိုလဲ အေကာင္းဆုံး ရလဒ္ေတြ နဲ႔ ဖြင့္လွစ္ႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ဒီတေလာ ဒဏ္ရာ ျပသနာေတြ ၾကံဳေနရတဲ့ ခ်ဲလ္ဆီးဟာ ေျခစြမး္ေရာ ရလဒ္ေတြပါ မတည္ျငိမ္ ျဖစ္လာေနပါတယ္။
ေဒးဗစ္ ဂ်ိမ္း ကေတာ့ ခ်ဲလ္ဆီး ပဲ ပရီးမီးယားလိဂ္ ဖလားယူနုိင္မယ္ ယူဆထားတဲ့ သူ႔ အျမင္ကို အခုလိုပဲ ခ်ျပသြားခဲ့ ပါတယ္။
“ ခ်ဲလ္ဆီး ဟာ ပရီးမီးယားလိဂ္ မွာ အႏိုင္ယူဖို႔ အခက္ခဲဆုံး အသင္းပါပဲ။ လက္ရွိ ခရစၥမတ္ ကာလမွ အမွတ္ေပးဇယား ရဲ႕ ထိပ္ဆုံး ကို ရပ္တည္ မေနဘူး ဆိုရင္ေတာင္ က်ေနာ္ က သူတို႔ အသင္းပဲ ဗိုလ္စြဲမယ္လို႔ မွန္းထားတာပါ။ ဒါကလဲ ပြဲစဥ္ အေနအထားကို ၾကည့္ၿပီး ေျပာတာေပါ့။
ေလာလာဆယ္ မွာက မန္စီးတီး နဲ႔ လီဗာပူး တို႔က သူတို႔ထက္ ပြဲေခ်ာင္ေနတယ္ေလ။ ဒါေပမယ့္ အသင္းတိုင္းဟာ ႐ုန္းကန္ရတဲ့အခိုက္အတန္႔ တစ္ခုေတာ့ ရွိတတ္တာပါပဲ။ ၿပီးခဲ့တဲ့ ပြဲေတြ မွာ ဆိုရင္ လီဗာပူး ေရာ၊ မန္စီးတီး ပါ ကပ္ၿပီး အႏိုင္ရခဲ့ၾကတာပါ။
ဒီရာသီက အရမ္းကို ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ေဘာလုံးရာသီမ်ိဳးပါ။ က်ေနာ္ ကေတာ့ ခ်ဲလ္ဆီး ပဲ ဗိုလ္စြဲမယ္ မွန္းထား ပါတယ္။ လီဗာပူး ရဲ႕ လက္ရွိ ပုံစံေကာင္းေတြ ျမင္ရေတာ့ အရမ္းကို နီးစပ္တဲ့ ၿပိဳင္ဆိုင္မႈေတြ ရွိလာႏိုင္ပါတယ္” လို႔ ေျပာဆို သြားခဲ့ပါတယ္။