ရမ်ဒေးလ် အတွက် ချီးကျူးသံ၊ အသင်းခေါင်းဆောင်သစ် ဖြစ်လာနိုင်သူများနဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ် ဂိုးသမား ရမ်ဒေးလ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာလည်း အံ့အားသင့်ဖွယ် ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ချီးကျူးလိုက်ပြီး ရမ်ဒေးလ်ဟာ အာတီတာ လိုချင်တာထက် ပိုပြီး အလုပ်ဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း ကီယွန်က အာတီတာအနေနဲ့ အူဘာမီယန်ကို အသင်းခေါင်းဆောင် အဖြစ် ကနေ ရုပ်သိမ်း သင့်ကြောင်း၊ လက်ရှိမှာ အာဆင်နယ်ရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍက မေးခွန်းထုတ်စရာဖြစ်လာပြီဖြစ်ကြောင်း၊ အသင်း ခေါင်းဆောင်ဟာ အားလုံးအတွက် စံပြဖြစ်နေသင့်ကြောင်း ဆိုခဲ့ပါတယ်။

စီးရီးအေကလပ် ဖီအိုရင်တီးနားအနေနဲ့ အာဆင်နယ်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ တော်ရဲရားကို အပြီးသတ် ခေါ်ယူနိုင်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ အာဆင်နယ်ကတော့ သူတို့ရဲ့ ကွင်းလယ်လူအတွက် ယူရို ၁၅ သန်း အလိုရှိနေတာပါ။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း ဟာ ဝေဖန်မှုတွေ နဲ့ အကြီးအကျယ် ရင်ဆိုင် နေရပြီး အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်ဖို့ အထိ တောင်းဆိုမှုတွေ ရှိနေကြပါတယ်။

အာတီတာ အနေနဲ့ အသင်း ခေါင်းဆောင် အသစ် ခန့်အပ် မယ်ဆိုပါက ဖြစ်လာနိုင်ချေ ရှိတဲ့ ကစားသမား ၅ ဦး ရှိနေပြီး ၎င်းတို့ ကတော့ ချာကာ၊ လာကာဇက်၊ ဂါဘရီရယ်၊ တီယာနေးနဲ့ ရမ်ဒေးလ် တို့ ဖြစ်ပါတယ်။

အာဆင်နည်းပြ အာတီတာက လူငယ်တိုက်စစ်မူှး အန်ကီတက်ချ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး “အန်ကီတက်ချ်ကို စာချုပ်သက်တမ်းတိုးဖို့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ကျွန်တော့်အနေနဲ့သူ့ကို ဘယ်လောက်နှစ်သက်သလဲဆိုတာ အန်ကီတက်ချ် ကောင်းကောင်း သိပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

အီတလီတိုက်စစ်မှူးဟောင်း ကက်ဆာနိုက ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်အနေနဲ့ အာဆင်နယ် ထက်စာရင် ကွန်တီရဲ့ စပါးကိုသာ ပြောင်းရွှေ့သင့်ကြောင်း၊ ကွန်တီဟာ အင်တာမှာ လူကာကူကို ပျိုးထောင်ပေးခဲ့သလို ဗလာဟိုဗစ် ကို ပျိုးထောင်ပေးနိုင်မှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ် ဂိုးသမား လီနိုက သူ့အနေနဲ့ အသင်းရဲ့ ဂန္ထဝင်ဂိုးသမားကြီး လေမန်းနဲ့ အမြဲတမ်းအဆက်သွယ်ရှိကြောင်း၊ သူ့အနေနဲ့ နံပါတ်တစ်ဂိုးသမားနေရာ ပျောက်ဆုံးပြီးနောက် လေမန်းက ဖုန်းဆက်ကာ အဆင်ပြေလားလို့ မေးမြန်းခဲ့ကြောင်း၊ လေမန်းဆီက သင်ယူခဲ့ရတာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝက်ဖို့ဒ်တိုက်စစ်မူှး ဒင်းနစ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ ကစားသမားဟာ ဝက်ဖို့ဒ်ကို မပြောင်းရွှေ့ခင် အာဆင်နယ်က ခေါ်ဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ဘရုဂျက်က ပေါင် ၂၅ သန်းလိုချင်ခဲ့ပေမဲ့ အာဆင်နယ်က ပေါင် ၁၅သန်းသာ ပေး လိုတာကြောင့် အဆုံးသတ်မှာ စာချုပ်ကုန်သွားခဲ့လု့ိ ဝက်ဖို့ဒ်က ပေါင် ၃.၄ သန်းနဲ့သာ ခေါ်နိုင်ခဲ့ကြောင်း ဖော်ထုတ် ခဲ့ပါတယ်။