အမ်ဘာပေ ကို ခေါ်ဖို့နဲ့ ချန်ပီယံလိဂ် အိပ်မက်တွေထိပါ အရှိန်မြင့်လာတဲ့ နယူးကာဆယ်အသင်း ပိုင်ရှင် အပြောင်းအလဲ

နယူးကာဆယ်ကို ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန်က လက်လွှဲ ဝယ်ယူ လိုက်တဲ့နောက် ငှက်ကျားတွေဟာ ပရီးမီးယားလိဂ်မှာ ငွေကြေးနဲ့အတူ အင်အားကြီးအသင်းတစ်သင်းဖြစ်လာမယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။

ဘင်ဆာလ်မန်ဟာ လက်ရှိအသင်းပိုင်ရှင် မိုက်အက်ရှ်လေဆီက နယူးကာဆယ်ကို ပေါင်သန်း (၃၀၀) နဲ့ ဝယ်ယူမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တည်းက ငြိမ်သက်သွားတဲ့ ဒီအရောင်းအဝယ်ကိစ္စက အခုချိန်မှာ ပြန်လည် လှုပ်ခတ်လာခဲ့တာပါ။ ဘင်ဆာလ်မန်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက်လည်း သတင်းတွေထွက်ခဲ့ဖူးတဲ့သူတစ်ယောက်ပါ။

ပြီးခဲ့တဲ့ (၂၀၂၀) မှာ ဘင်ဆာလ်မန် နယူးကာဆယ်ကို ဝယ်ယူဖို့ ကြိုးစားချိန်က သူ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် နိုင်ငံတွင်း ပရီးမီးယားလိဂ် ပွဲတွေကို တရားမဝင်ပြသနေတဲ့ ရုပ်သံဌာနရဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်နေတာကြောင့် ဘင်ဆာလ်မန်ကို ပရီးမီးယားလိဂ်က လက်မခံဖို့ ကဏ္ဍအသီးသီးက သတိပေးကန့်ကွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အခြေအနေတွေ ပြန်လည်ပြောင်းလဲသွားခဲ့တာကြောင့် နယူးကာဆယ် ပရိသတ်တွေကလည်း တစ်ချိန်က အမ်ဘာပေကို ခေါ်ယူနိုင်ရေး သူတို့ရဲ့မူလအိပ်မက်အတွက် ဆိုရှယ်မီဒီယာပေါ်မှာ ဟာသဆန်ဆန် နောက်ပြောင်နေကြတာပါ။

နယူးကာဆယ် ပရိသတ်တစ်ယောက်ကလည်း “အမ်ဘာပေက နယူးကာဆယ်ဟာ သူ အမြဲတမ်းချစ်ခင်ခဲ့ရတဲ့အသင်း၊ ဘင်အာဖာရဲ့ ကစားပုံကို ကြည့်ရင်း ကြီးပြင်းခဲ့ရတယ်ဆိုပြီး ပြောနေတာကို ခင်ဗျားတို့ စိတ်ကူးယဉ်ကြည့်စမ်းပါ” လို့ နောက်ပြောင်ခဲ့ပါသေးတယ်။

ပိုင်ရှင်သစ်တွေက နယူးကာဆယ်နဲ့ အတူ ဥရောပ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ထိ ရည်မှန်းထားပြီး လူငယ်တွေနဲ့ အသင်းအကယ်ဒမီ ဖွံ့ဖြိုး တိုးတက်မှု အပိုင်းကိုလည်း အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။

အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပြီးခဲ့တဲ့နောက် လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့အနာဂတ်က တော်တော်လေး လှုပ်ခတ် လာနိုင်ပြီး နယူးကာဆယ် နည်းပြသစ် ဘယ်သူဖြစ်မလဲဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်နေပါပြီ ဖြစ်ပါတယ်။

လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ပရိသတ်တွေက စိတ်တိုင်းမကျဘဲ သူ့နေရာကို အစားထိုးမယ့် နည်းပြတွေအဖြစ် ကွန်တီ၊ ဘင်နီတက်ဇ်၊ လမ်းပတ်၊ မော်ရင်ဟို၊ မန်စီနီတို့က အသီးသီး ရေပန်းစားလာခဲ့ပြီလို့လည်း သိရှိရပါတယ်။

Zawgyi

နယူးကာဆယ္ကို ေဆာ္ဒီအာေရဗ်အိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆာလ္မန္က လက္လႊဲ ဝယ္ယူ လိုက္တဲ့ေနာက္ ငွက္က်ားေတြဟာ ပရီးမီးယားလိဂ္မွာ ေငြေၾကးနဲ႔အတူ အင္အားႀကီးအသင္းတစ္သင္းျဖစ္လာမယ္လို႔ ပရိသတ္ေတြက ယုံၾကည္ေနပါတယ္။

ဘင္ဆာလ္မန္ဟာ လက္ရွိအသင္းပိုင္ရွင္ မိုက္အက္ရွ္ေလဆီက နယူးကာဆယ္ကို ေပါင္သန္း (၃၀၀) နဲ႔ ဝယ္ယူမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္တည္းက ၿငိမ္သက္သြားတဲ့ ဒီအေရာင္းအဝယ္ကိစၥက အခုခ်ိန္မွာ ျပန္လည္ လႈပ္ခတ္လာခဲ့တာပါ။ ဘင္ဆာလ္မန္ဟာ ယူႏိုက္တက္ကို ဝယ္ယူဖို႔အတြက္လည္း သတင္းေတြထြက္ခဲ့ဖူးတဲ့သူတစ္ေယာက္ပါ။

ၿပီးခဲ့တဲ့ (၂၀၂၀) မွာ ဘင္ဆာလ္မန္ နယူးကာဆယ္ကို ဝယ္ယူဖို႔ ႀကိဳးစားခ်ိန္က သူ႔ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအျပင္ ႏိုင္ငံတြင္း ပရီးမီးယားလိဂ္ ပြဲေတြကို တရားမဝင္ျပသေနတဲ့ ႐ုပ္သံဌာနရဲ႕ ေနာက္ကြယ္က ႀကိဳးကိုင္သူျဖစ္ေနတာေၾကာင့္ ဘင္ဆာလ္မန္ကို ပရီးမီးယားလိဂ္က လက္မခံဖို႔ က႑အသီးသီးက သတိေပးကန္႔ကြက္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အေျခအေနေတြ ျပန္လည္ေျပာင္းလဲသြားခဲ့တာေၾကာင့္ နယူးကာဆယ္ ပရိသတ္ေတြကလည္း တစ္ခ်ိန္က အမ္ဘာေပကို ေခၚယူႏိုင္ေရး သူတို႔ရဲ႕မူလအိပ္မက္အတြက္ ဆိုရွယ္မီဒီယာေပၚမွာ ဟာသဆန္ဆန္ ေနာက္ေျပာင္ေနၾကတာပါ။

နယူးကာဆယ္ ပရိသတ္တစ္ေယာက္ကလည္း “အမ္ဘာေပက နယူးကာဆယ္ဟာ သူ အၿမဲတမ္းခ်စ္ခင္ခဲ့ရတဲ့အသင္း၊ ဘင္အာဖာရဲ႕ ကစားပုံကို ၾကည့္ရင္း ႀကီးျပင္းခဲ့ရတယ္ဆိုၿပီး ေျပာေနတာကို ခင္ဗ်ားတို႔ စိတ္ကူးယဥ္ၾကည့္စမ္းပါ” လို႔ ေနာက္ေျပာင္ခဲ့ပါေသးတယ္။

ပိုင္ရွင္သစ္ေတြက နယူးကာဆယ္နဲ႕ အတူ ဥေရာပ ခ်န္ပီယံလိဂ္ ဗိုလ္စြဲဖို႔ထိ ရည္မွန္းထားျပီး လူငယ္ေတြနဲ႕ အသင္းအကယ္ဒမီ ဖြံ႕ျဖိဳး တိုးတက္မႈ အပိုင္းကိုလည္း အာရံုစိုက္သြားမယ္လို႔ ဆိုပါတယ္။

အသင္းပိုင္ရွင္ အေျပာင္းအလဲျဖစ္ၿပီးခဲ့တဲ့ေနာက္ လက္ရွိနည္းျပ စတိဗ္ဘ႐ုစ္ရဲ႕အနာဂတ္က ေတာ္ေတာ္ေလး လႈပ္ခတ္ လာႏိုင္ၿပီး နယူးကာဆယ္ နည္းျပသစ္ ဘယ္သူျဖစ္မလဲဆိုတဲ့ ထင္ေၾကးေတြ ထြက္ေပၚေနပါၿပီ ျဖစ္ပါတယ္။

လက္ရွိနည္းျပ စတိဗ္ဘ႐ုစ္ကို ပရိသတ္ေတြက စိတ္တိုင္းမက်ဘဲ သူ႔ေနရာကို အစားထိုးမယ့္ နည္းျပေတြအျဖစ္ ကြန္တီ၊ ဘင္နီတက္ဇ္၊ လမ္းပတ္၊ ေမာ္ရင္ဟို၊ မန္စီနီတို႔က အသီးသီး ေရပန္းစားလာခဲ့ၿပီလို႔လည္း သိရွိရပါတယ္။