ချဲလ်ဆီးတို့ ပွဲချောင်တယ်ဆိုပြီး လိုင်လီကို အချဉ်လို လျှော့မတွက်ဖို့ ဂျိုကိုးလ် သတိပေး
မနေ့ညက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် အတွက် မဲခွဲပွဲကို ပြုလုပ်ခဲ့ရ ကနဦး မဲခွဲမှုမှာ နည်းပညာ ပိုင်း အမှားအယွင်း ဖြစ်ခဲ့တာကြောင့် ဒုတိယအကြိမ် မဲခွဲမှု နောက်တကြိမ် ပြုလုပ်ခဲ့ပါတယ်။
ကျန်အသင်းတွေက ဒုတိယအကြိမ် မဲခွဲမှုမှာ ပြိုင်ဘက် ပြောင်းလဲ သွားပေမယ့် ချဲလ်ဆီးကတော့ လိုင်လီနဲ့ပဲ နှစ်ကြိမ်လုံး မဲကျခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး ဟာ ၁၆သင်း အဆင့်မှာ တွေ့နိုင်မယ့် အုပ်စုဗိုလ် ကလပ် ၄သင်း ရှိခဲ့ပြီး ထိုအထဲမှာ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ အေဂျက်ဇ် တို့လို အသင်းကြီးတွေ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီး ဟာ ထို ၄သင်း အနက် အလွယ်ဆုံး ပြိုင်ဖက် ဖြစ်တဲ့ လက်ရှိ ပြင်သစ် လီဂူးဝမ်း ချန်ပီယံ လိုင်လီ အသင်းနဲ့ မဲခွဲမှု ၂ကြိမ်လုံးမှာ တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက် ရင်ဆိုင်ခွင့် ရခဲ့ပါတယ်။
လိုင်လီ ဟာ ဒီရာသီ ပြည်တွင်းလိဂ်မှာ အခြေအနေ ဆိုးနေပေမယ့် ၊ ချန်ပီယံလိဂ်မှာတော့ မျှတတဲ့ ပြိုင်ဖက်တွေနဲ့ တအုပ်စုတည်း ကျရောက်ခဲ့တာကြောင့် ၊ တပွဲတိုး ကြိုးစား ကစားခဲ့ကာ ၊ အုပ်စု နောက်ဆုံးပွဲမှာ ဝုလ်ဖ်ဘတ်ကို ၁ – ၃ နဲ့ အနိုင်ရခဲ့ပြီး ၊ အုပ်စုဗိုလ် အဖြစ်နဲ့ ၁၆သင်း အဆင့်သို့ တက်ရောက်လာတာ ဖြစ်ပါတယ်။
ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုကိုးလ် က သူဟာ ၁၆သင်းအဆင့်မှာ လိုင်လီနဲ့ ရင်ဆိုင်ရမယ့် အသင်းဟောင်း အတွက် ပျော်ရွှင်နေပေမယ့် ပြင်သစ် ချန်ပီယံကို လျှော့မတွက်ဖို့ အခုလိုပဲ သတိပေး ပြောဆိုခဲ့ပါတယ်။
” ချဲလ်ဆီး ဟာ ဒီ မဲခွဲမှု အတွက် အရမ်း ပျော်ရွှင်နေမှာ မှန်ပေမယ့်ကျွန်တော် ကတော့ သတိပေးစကားပဲ ပြောချင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ လိုင်လီ ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အင်အား တောင့်တင်းတဲ့ ပြိုင်ဆိုင်လို စိတ် ပြင်းထန်တဲ့ အသင်း ဖြစ်လို့ပါပဲ။
သူတို့မှာ ဘာဆုံးရှုံးစရာမှ မရှိပါဘူး။ ချဲလ်ဆီး ဟာ လက်ရှိ ဥရောပ ချန်ပီယံ ဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ အမဲလိုက်ခံရမယ့် အသင်း ဖြစ်ပါတယ်။ လိုင်လီသာ တကယ် စိန်ခေါ်မှု အပြည့်နဲ့ ကစားမယ် ဆိုရင် သူတို့ဟာ ခြောက်ခြားစရာကောင်းတဲ့ ပတ်ဝန်းကျင် တခု ဖန်တီးသွားနိုင်ပါတယ်။
ချဲလ်ဆီး အတွက်တော့ ပိုခက်တဲ့ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ် တို့ကို ရှောင်နိုင်ခဲ့တာ ဟာ စိတ်သက်သာရာ ရစေတဲ့ လက္ခဏာ တခု ဖြစ်ပေမယ့် ခင်ဗျား ဟာ လိုင်လီ ကို လျှော့တွက်လို့ မရပါဘူး။ သူတို့မှာ အကြောက်တရား ကင်းမဲ့တဲ့ အလားအလာကောင်းတဲ့ လူငယ် ကြယ်ပွင့် အများကြီး ရှိပြီး ချဲလ်ဆီး အနေနဲ့ ဒါကို ကြိုတင် မျှော်လင့် ထားရပါမယ်။ ” လို့ BT Sport အစီအစဉ်မှာ ဂျိုကိုးလ် က ပြောကြားခဲ့ပါတယ်။

ZG
မေန႔ညက ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲရဲ႕ ၁၆ သင္း ရႈံးထြက္အဆင့္ အတြက္ မဲခြဲပြဲကို ျပဳလုပ္ခဲ့ရ ကနဦး မဲခြဲမႈမွာ နည္းပညာ ပိုင္း အမွားအယြင္း ျဖစ္ခဲ့တာေၾကာင့္ ဒုတိယအၾကိမ္ မဲခြဲမႈ ေနာက္တႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။
က်န္အသင္းေတြက ဒုတိယအၾကိမ္ မဲခြဲမႈမွာ ျပိဳင္ဘက္ ေျပာင္းလဲ သြားေပမယ့္ ခ်ဲလ္ဆီးကေတာ့ လိုင္လီနဲ႕ပဲ နွစ္ၾကိမ္လံုး မဲက်ခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီး ဟာ ၁၆သင္း အဆင့္မွာ ေတြ႕ႏိုင္မယ့္ အုပ္စုဗိုလ္ ကလပ္ ၄သင္း ရွိခဲ့ၿပီး ထိုအထဲမွာ ဘိုင္ယန္ျမဴးနစ္ ၊ ရီးရဲလ္မက္ဒရစ္ ၊ ေအဂ်က္ဇ္ တို႔လို အသင္းၾကီးေတြ ပါဝင္ခဲ့ပါတယ္။
ဒါေပမယ့္ ခ်ဲလ္ဆီး ဟာ ထို ၄သင္း အနက္ အလြယ္ဆုံး ၿပိဳင္ဖက္ ျဖစ္တဲ့ လက္ရွိ ျပင္သစ္ လီဂူးဝမ္း ခ်န္ပီယံ လိုင္လီ အသင္းနဲ႔ မဲခြဲမႈ ၂ႀကိမ္လုံးမွာ တိုက္တိုက္ဆိုင္ဆိုင္ ထိပ္တိုက္ ရင္ဆိုင္ခြင့္ ရခဲ့ပါတယ္။
လိုင္လီ ဟာ ဒီရာသီ ျပည္တြင္းလိဂ္မွာ အေျခအေန ဆိုးေနေပမယ့္ ၊ ခ်န္ပီယံလိဂ္မွာေတာ့ မွ်တတဲ့ ၿပိဳင္ဖက္ေတြနဲ႔ တအုပ္စုတည္း က်ေရာက္ခဲ့တာေၾကာင့္ ၊ တပြဲတိုး ႀကိဳးစား ကစားခဲ့ကာ ၊ အုပ္စု ေနာက္ဆုံးပြဲမွာ ဝုလ္ဖ္ဘတ္ကို ၁ – ၃ နဲ႔ အႏိုင္ရခဲ့ၿပီး ၊ အုပ္စုဗိုလ္ အျဖစ္နဲ႔ ၁၆သင္း အဆင့္သို႔ တက္ေရာက္လာတာ ျဖစ္ပါတယ္ ။
ခ်ဲလ္ဆီး ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ဂ်ိဳကိုးလ္ က သူဟာ ၁၆သင္းအဆင့္မွာ လိုင္လီနဲ႔ ရင္ဆိုင္ရမယ့္ အသင္းေဟာင္း အတြက္ ေပ်ာ္႐ႊင္ေနေပမယ့္ ျပင္သစ္ ခ်န္ပီယံကို ေလွ်ာ့မတြက္ဖို႔ အခုလိုပဲ သတိေပး ေျပာဆိုခဲ့ပါတယ္။
” ခ်ဲလ္ဆီး ဟာ ဒီ မဲခြဲမႈ အတြက္ အရမ္း ေပ်ာ္႐ႊင္ေနမွာ မွန္ေပမယ့္ကြၽန္ေတာ္ ကေတာ့ သတိေပးစကားပဲ ေျပာခ်င္ပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ လိုင္လီ ဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ အင္အား ေတာင့္တင္းတဲ့ ၿပိဳင္ဆိုင္လို စိတ္ ျပင္းထန္တဲ့ အသင္း ျဖစ္လို႔ပါပဲ။
သူတို႔မွာ ဘာဆုံးရႈံးစရာမွ မရွိပါဘူး။ ခ်ဲလ္ဆီး ဟာ လက္ရွိ ဥေရာပ ခ်န္ပီယံ ျဖစ္တာေၾကာင့္ ဒီၿပိဳင္ပြဲမွာ အမဲလိုက္ခံရမယ့္ အသင္း ျဖစ္ပါတယ္။ လိုင္လီသာ တကယ္ စိန္ေခၚမႈ အျပည့္နဲ႔ ကစားမယ္ ဆိုရင္ သူတို႔ဟာ ေျခာက္ျခားစရာေကာင္းတဲ့ ပတ္ဝန္းက်င္ တခု ဖန္တီးသြားႏိုင္ပါတယ္။
ခ်ဲလ္ဆီး အတြက္ေတာ့ ပိုခက္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္ တို႔ကို ေရွာင္ႏိုင္ခဲ့တာ ဟာ စိတ္သက္သာရာ ရေစတဲ့ လကၡဏာ တခု ျဖစ္ေပမယ့္ ခင္ဗ်ား ဟာ လိုင္လီ ကို ေလွ်ာ့တြက္လို႔ မရပါဘူး။ သူတို႔မွာ အေၾကာက္တရား ကင္းမဲ့တဲ့ အလားအလာေကာင္းတဲ့ လူငယ္ ၾကယ္ပြင့္ အမ်ားႀကီး ရွိၿပီး ခ်ဲလ္ဆီး အေနနဲ႔ ဒါကို ႀကိဳတင္ ေမွ်ာ္လင့္ ထားရပါမယ္။ ” လို႔ BT Sport အစီအစဥ္မွာ ဂ်ိဳကိုးလ္ က ေျပာၾကားခဲ့ပါတယ္။