အသင်းဟောင်း ရီးရဲလ်ကို ညှာနေမှာ မဟုတ်ဘဲ ပီအက်စ်ဂျီအတွက် အကောင်းဆုံး ကစားမယ့် ရာမို့စ်
စပိန်သား နောက်ခံလူ ရာမို့စ် ကတော့ အသင်းဟောင်း ရီးရဲလ် နဲ့ ကစားရမယ့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းအတွက် အကောင်းဆုံး ကစားသွားမယ်လို့ ပြောလိုက်ပါတယ်။ ရာမို့စ် ဟာ ရီးရဲလ်မက်ဒရစ် မှာ နှစ်ပေါင်းများစွာ ကစားခဲ့ပြီး နွေရာသီကမှ ပီအက်စ်ဂျီ ကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
ရာမို့စ် ဟာ ဒဏ်ရာပြသနာတွေကြောင့် ပီအက်စ်ဂျီ အတွက် တပွဲသာ ပါဝင်ကစားရပေမယ့် အသင်းဟောင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ပီအက်စ်ဂျီ အသင်းဟာ အစောပိုင်းက ချန်ပီယံလိဂ် (၁၆)သင်းအဆင့်အတွက် မဲခွဲရာမှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မဲခွဲမှုမှာ အမှားအယွင်းတွေရှိခဲ့တာကြောင့် ပြန်လည်မဲခွဲရာမှာ ပီအက်စ်ဂျီ အသင်းဟာ ရီးရဲလ် နဲ့ တွေ့ခဲ့တာပါ။
ရာမို့စ် က “ရီးရဲလ် အတွက် ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ခင်မှုကို ခင်ဗျားတို့သိပါတယ်။ အခုကတော့ ပီအက်စ်ဂျီ ကို ကာကွယ်ဖို့ အလှည့်ရောက်ပါပြီ။ ကျွန်တော် အတက်နိုင်ဆုံး အကောင်းဆုံးတွေကို လုပ်ဆောင် သွားမှာပါ”
“ဒီအသင်းဟာ ကျွန်တော့်ကို လောင်းကြေး ထပ်ပြီး ခေါ်ယူတဲ့ အသင်းပါ။အဲ့ဒါကြောင့် ပီအက်စ်ဂျီ အတွက် အသေခံပြီး တိုက်ပွဲ ဝင်သွားမှာပါ။ ရီးရယ်လ်နဲ့ ဒီလို ထိပ်တိုက်ရင်ဆိုင်တာမျိုးကို ကျွန်တော် မဖြစ်ချင်ပါဘူး”
“ဒါပေမယ့် ဘာနေဗျုးကို ပြန်လာရမှာတော့ ကျွန်တော်ပျော်ပါတယ်။ကျွန်တော်ဟာ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် မှန်ကန်တဲ့ နှုတ်ဆက်ပွဲမလုပ်ခဲ့ရပါဘူး။ပီအက်စ်ဂျီမှာ ဒဏ်ရာပြသနာတွေ ကြုံတွေ့ခဲ့ရတာဟာ ကျွန်တော့်အတွက်တော့ အလွန်ခက်ခဲပါတယ်”
“ကစားသမားတဦးလို ပြန်ခံစားရဖို့က အရေးကြီးတဲ့အရာပါ။ နာရီပေါင်းများစွာ အမှောင်ထုတွေနဲ့အထီးကျန်ခဲ့ပြီး ဒါတွေကပဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ အကူအညီတွေပေးခဲ့ပါတယ်။ဒီ မှာ မိသားစုလည်း အဆင်ပြေနေပါပြီ။ ထပ်ကစားရမယ်လို့ တွေးပြီး ပြုံးမိပြန်တယ်”လို့ ဆိုခဲ့ပါတယ်။

ZG
စပိန္သား ေနာက္ခံလူ ရာမို႔စ္ ကေတာ့ အသင္းေဟာင္း ရီးရဲလ္ နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္(၁၆)သင္းအဆင့္ ပြဲစဥ္မွာ ပီအက္စ္ဂ်ီ အသင္းအတြက္ အေကာင္းဆံုး ကစားသြားမယ္လို႔ ေျပာလိုက္ပါတယ္။ ရာမို႔စ္ ဟာ ရီးရဲလ္မက္ဒရစ္ မွာ ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့ၿပီး ေႏြရာသီကမွ ပီအက္စ္ဂ်ီ ကို ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။
ရာမို႔စ္ ဟာ ဒဏ္ရာျပသနာေတြေၾကာင့္ ပီအက္စ္ဂ်ီ အတြက္ တပြဲသာ ပါဝင္ကစားရေပမယ့္ အသင္းေဟာင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာပါ။
ပီအက္စ္ဂ်ီ အသင္းဟာ အေစာပိုင္းက ခ်န္ပီယံလိဂ္ (၁၆)သင္းအဆင့္အတြက္ မဲခြဲရာမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္မဲခြဲမႈမွာ အမွားအယြင္းေတြရွိခဲ့တာေၾကာင့္ ျပန္လည္မဲခြဲရာမွာ ပီအက္စ္ဂ်ီ အသင္းဟာ ရီးရဲလ္ နဲ႔ ေတြ႕ခဲ့တာပါ။
ရာမို႔စ္ က “ရီးရဲလ္ အတြက္ ကြၽန္ေတာ့္ရဲ႕ခ်စ္ျခင္းေမတၱာေတြနဲ႔ ခ်စ္ခင္မႈကို ခင္ဗ်ားတို႔သိပါတယ္။ အခုကေတာ့ ပီအက္စ္ဂ်ီ ကို ကာကြယ္ဖို႔ အလွည့္ေရာက္ပါၿပီ။ ကြၽန္ေတာ္ အတက္ႏိုင္ဆုံး အေကာင္းဆုံးေတြကို လုပ္ေဆာင္ သြားမွာပါ”
“ဒီအသင္းဟာ ကြၽန္ေတာ့္ကို ေလာင္းေၾကး ထပ္ၿပီး ေခၚယူတဲ့ အသင္းပါ။အဲ့ဒါေၾကာင့္ ပီအက္စ္ဂ်ီ အတြက္ အေသခံၿပီး တိုက္ပြဲ ဝင္သြားမွာပါ။ ရီးရယ္လ္နဲ႔ ဒီလို ထိပ္တိုက္ရင္ဆိုင္တာမ်ိဳးကို ကြၽန္ေတာ္ မျဖစ္ခ်င္ပါဘူး”
“ဒါေပမယ့္ ဘာေနဗ်ဳးကို ျပန္လာရမွာေတာ့ ကြၽန္ေတာ္ေပ်ာ္ပါတယ္။ကြၽန္ေတာ္ဟာ ကိုဗစ္ကန႔္သတ္ခ်က္ေတြေၾကာင့္ မွန္ကန္တဲ့ ႏႈတ္ဆက္ပြဲမလုပ္ခဲ့ရပါဘူး။ပီအက္စ္ဂ်ီမွာ ဒဏ္ရာျပသနာေတြ ႀကဳံေတြ႕ခဲ့ရတာဟာ ကြၽန္ေတာ့္အတြက္ေတာ့ အလြန္ခက္ခဲပါတယ္”
“ကစားသမားတဦးလို ျပန္ခံစားရဖို႔က အေရးႀကီးတဲ့အရာပါ။ နာရီေပါင္းမ်ားစြာ အေမွာင္ထုေတြနဲ႔အထီးက်န္ခဲ့ၿပီး ဒါေတြကပဲ စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အကူအညီေတြေပးခဲ့ပါတယ္။ဒီ မွာ မိသားစုလည္း အဆင္ေျပေနပါၿပီ။ ထပ္ကစားရမယ္လို႔ ေတြးၿပီး ၿပဳံးမိျပန္တယ္”လို႔ ဆိုခဲ့ပါတယ္။