အသင်းခေါင်းဆောင် ရာထူးဖြုတ်ခံလိုက်ရတဲ့ အူဘာ၊ မာရှယ်၊ ဆာလီဘာတို့နဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ်အသင်းဟာ လေ့ကျင့်ရေးကို ပျက်ကွက်ပြီး စည်းကမ်း ဖောက်ခဲ့တဲ့ အူဘာမီးယန်းကို အသင်းခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ဝက်စ်ဟမ်းနဲ့ ပွဲမှာလည်း ထည့်သွင်း ကစားမှာ မဟုတ်ဘူးလို့ အာဆင်နယ် က သတင်း ထုတ်ပြန်ထားပါတယ်။
မန်ယူ တိုက်စစ်မှူး မာရှယ်လ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်လာပြီလို့ သိရပါတယ်။ မာရှယ်လ် က ဇန်န၀ါရီမှာ မန်ယူကနေ ထွက်ခွာချင်တယ်လို့ အတိအလင်း ဖွင့်ဟထားပြီး အာဆင်နယ်ကလည်း တိုက်စစ်မှူး ရှာဖွေနေတာပါ။

အာဆင်နယ်အနေနဲ့ ဂျူဗင်တပ် ကွင်းလယ်လူ ကူလူဆက်စကီးကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ၂၁နှစ်အရွယ် ကစားသမားအတွက် ယူရို ၃၅သန်း ပေးချေသွားမှာပါ။
စီးရီးေ အကလပ် ဖီအိုရင်တီးနားအနေနဲ့ အာဆင်နယ်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ တော်ရဲရားကို အပြီးသတ် ခေါ်ယူနိုင်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ အာဆင်နယ်ကတော့ သူတို့ရဲ့ ကွင်းလယ်လူအတွက် ယူရို ၁၅ သန်း အလိုရှိနေတာပါ။
အာဆင်နယ်အနေနဲ့ အူဘာမီယန်ကို အသင်းခေါင်းဆောင် ရာထူးကနေ ရုတ်သိမ်းလိုက်ရင် အသင်းခေါင်းဆောင် သစ် အဖြစ် ရမ်ဒေးလ်၊ ဘန်ဝှိုက်နဲ့ ဂါဘရီရယ်တို့ကိုခန့်အပ်သင့်ကြောင်း The Athletic က ဖော်ပြထားပါတယ်။

ဝက်ဖို့ဒ်တိုက်စစ်မှူး ဒင်းနစ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ ကစားသမားအနေနဲ့ ၀က်ဖို့ဒ်ကို မပြောင်းရွှေ့ခင် အာဆင်နယ်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်း ဘရုဂျက်က ပေါင် ၂၅ သန်းလိုချင်ခဲ့ပေမဲ့ အာဆင်နယ်က ပေါင် ၁၅ သန်းသာ ပေးချေလိုခဲ့ကြောင်း၊ အဆုံးသတ်မှာ စာချုပ်ကုန်သွားခဲ့လို့ ၀က်ဖို့ဒ်က ပေါင် ၃.၄ သန်းနဲ့သာ ခေါ်နိုင်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
မာဆေးမှာ အငှားကစားနေတဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာက သူ့အနေနဲ့ လက်ရှိအချိန်မှာ အနာဂတ်အကြောင်း မစဉ်းစားချင် သေးကြောင်း၊ လက်ရှိ မာဆေးအတွက်သာ အာရုံစိုက်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ် အနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်ရခဲ့ပေမဲ့ ခြေစွမ်းပိုင်းက စိတ်ချလို့မရသေးကြောင်း၊ စပါးကို အနိုင်ရပြီးနောက်ပိုင်း တည်းက အာဆင်နယ် ရဲ့ ခြေစွမ်းက ကောင်းမွန်ခြင်းမရှိကြောင်း ဂါရတ်ခရွတ်က ဝေဖန်ခဲ့ပါတယ်။