ဘင်နီတက်ဇ် နေရာ အဲဗာတန် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားလာတဲ့ ဝိန်းရွန်းနီ
အဲဗာတန် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ကြုံတွေ့နေတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဒါဘီနည်းပြ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ အဲဗာတန်အသင်းဟာ ဒီရာသီမှာတော့ ရလဒ်တွေ အတော်လေးကို ဆိုးဝါးနေပြီး ၁၆ပွဲ ကစားပြီးချိန်မှာ ၅ပွဲနိုင် ၃ပွဲသရေ ၈ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၁၄နေရာ အထိ ရောက်ရှိနေကာ တန်းဆင်းဇုန်နဲ့ ၇မှတ်သာ ကွာဟပါတော့တယ်။

ဒါကြောင့်ပဲ အဲဗာတန်အသင်းရဲ့ ပရိသတ်တွေက နောက်ဆုံး ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ် ၃-၁ အဲဗာတန် ပွဲစဉ်အပြီးမှာပဲ အသင်းရဲ့ နည်းပြဖြစ်သူ ဘင်နီတက်ဇ်ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ဘင်နီတက်ဇ်ကလည်း ပရိသတ်တွေရဲ့ စကားတွေကို စိတ်မဝင်စားကြောင်း တုန့်ပြန်ခဲ့တာကြောင့် ဘင်နီတက်ဇ်နဲ့ အဲဗာတန် ပရိသတ်တွေရဲ့ ကြားက မီးပွားဟာ ပိုမို ကြီးမားလာနေပါတယ်။
လက်ရှိမှာတော့ အဲဗာတန်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ဘင်နီတက်ဇ်ကို ထုတ်ပယ်ဖို့ စတင် ဆွေးနွေးနေကြပြီး ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာသာ ဂိုးပြတ် ရှုံးပွဲတပွဲနဲ့ ကြုံတွေ့ရပါက ဘင်နီတက်ဇ်ကို ကျိန်းသေပေါက် ရာထူးကနေ ထုတ်ပယ်နိုင်ပါတယ်။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဗာတန်အသင်းရဲ့ ဘုတ်အဖွဲ့ဝင် တချို့ဟာ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီးပါက ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဟောင်း ဖြစ်သူ ဝိန်းရွန်းနီကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြပြီး ဝိန်းရွန်းနီကလည်း အဲဗာတန်အသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီဟာ လက်ရှိမှာ ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းကို ကိုင်တွယ်နေသူ ဖြစ်ပြီး ရွန်းနီရဲ့ ဒါဘီအသင်းဟာ ယခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂၂ပွဲ ကစားထားရာ ၅ပွဲနိုင် ၁၀ပွဲ သရေ ၇ပွဲရှုံး ရလဒ်ကို ရရှိထားပါတယ်။

ZG
အဲဗာတန္ အသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ရလဒ္ဆိုးေတြနဲ႔ ဆက္တိုက္ ဆိုသလို ႀကဳံေတြ႕ေနတာေၾကာင့္ အသင္းရဲ႕ နည္းျပျဖစ္သူ ဘင္နီတက္ဇ္ကို ရာထူးကေန ထုတ္ပယ္ၿပီး အသင္းရဲ႕ ကစားသမားေဟာင္း တဦး ျဖစ္သူ ဒါဘီနည္းျပ ဝိန္း႐ြန္းနီကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ စဥ္းစားေနေၾကာင္း ၿဗိတိန္ အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပလာၾကပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ ဖ်က္ျမင္းအသင္း တသင္း အျဖစ္ သတ္မွတ္ခံထားရတဲ့ အဲဗာတန္အသင္းဟာ ဒီရာသီမွာေတာ့ ရလဒ္ေတြ အေတာ္ေလးကို ဆိုးဝါးေနၿပီး ၁၆ပြဲ ကစားၿပီးခ်ိန္မွာ ၅ပြဲႏိုင္ ၃ပြဲသေရ ၈ပြဲရႈံး ဆိုတဲ့ ရလဒ္နဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္၁၄ေနရာ အထိ ေရာက္ရွိေနကာ တန္းဆင္းဇုန္နဲ႔ ၇မွတ္သာ ကြာဟပါေတာ့တယ္။
ဒါေၾကာင့္ပဲ အဲဗာတန္အသင္းရဲ႕ ပရိသတ္ေတြက ေနာက္ဆုံး ကစားခဲ့တဲ့ ခရစၥတယ္ ပဲေလ့စ္ ၃-၁ အဲဗာတန္ ပြဲစဥ္အၿပီးမွာပဲ အသင္းရဲ႕ နည္းျပျဖစ္သူ ဘင္နီတက္ဇ္ကို ရာထူးကေန ႏုတ္ထြက္ဖို႔ ေတာင္းဆို ဆႏၵျပမႈေတြ ျပဳလုပ္ခဲ့ၿပီး ဘင္နီတက္ဇ္ကလည္း ပရိသတ္ေတြရဲ႕ စကားေတြကို စိတ္မဝင္စားေၾကာင္း တုန႔္ျပန္ခဲ့တာေၾကာင့္ ဘင္နီတက္ဇ္နဲ႔ အဲဗာတန္ ပရိသတ္ေတြရဲ႕ ၾကားက မီးပြားဟာ ပိုမို ႀကီးမားလာေနပါတယ္။
လက္ရွိမွာေတာ့ အဲဗာတန္အသင္းရဲ႕ ဘုတ္အဖြဲ႕ဝင္ေတြဟာ ဘင္နီတက္ဇ္ကို ထုတ္ပယ္ဖို႔ စတင္ ေဆြးေႏြးေနၾကၿပီး ယေန႔ညမွာ ယွဥ္ၿပိဳင္ ကစားမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲစဥ္မွာသာ ဂိုးျပတ္ ရႈံးပြဲတပြဲနဲ႔ ႀကဳံေတြ႕ရပါက ဘင္နီတက္ဇ္ကို က်ိန္းေသေပါက္ ရာထူးကေန ထုတ္ပယ္ႏိုင္ပါတယ္။
The Sun သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အဲဗာတန္အသင္းရဲ႕ ဘုတ္အဖြဲ႕ဝင္ တခ်ိဳ႕ဟာ ဘင္နီတက္ဇ္ကို ရာထူးကေန ထုတ္ပယ္ၿပီးပါက ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားေဟာင္း ျဖစ္သူ ဝိန္း႐ြန္းနီကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ခ်င္ေနၾကၿပီး ဝိန္း႐ြန္းနီကလည္း အဲဗာတန္အသင္းရဲ႕ နည္းျပအျဖစ္ လုပ္ကိုင္ဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ အဲဗာတန္အသင္းတို႔ရဲ႕ ဂႏၲဝင္ တိုက္စစ္မႉး ဝိန္း႐ြန္းနီဟာ လက္ရွိမွာ ခ်န္ပီယံရွစ္ ကလပ္ ဒါဘီအသင္းကို ကိုင္တြယ္ေနသူ ျဖစ္ၿပီး ႐ြန္းနီရဲ႕ ဒါဘီအသင္းဟာ ယခုႏွစ္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ၂၂ပြဲ ကစားထားရာ ၅ပြဲႏိုင္ ၁၀ပြဲ သေရ ၇ပြဲရႈံး ရလဒ္ကို ရရွိထားပါတယ္။