အာဆင်နယ်မှာ အဆင်မပြေဖြစ်နေတဲ့ အူဘာမီယန်း ကို အခွင့်ကောင်းယူ ကြိုးစားမယ့် ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အာဆင်နယ်ဟာ ထရိန်နင် ပျက်ကွက်ခဲ့တဲ့ အူဘာမီယန်းကို အသင်းခေါင်းဆောင်ကနေ ဖယ်ရှားလိုက်ပြီး လာမယ့် ပွဲမှာလည်း ထည့် မသုံးဘူးလို့ ကြေငြာထားခဲ့တာပါ။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်း ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းပိုင်း အတော်လေး ကျဆင်းနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုးသာ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အူဘာမီယန်းကို အသင်းကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းက အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ဖြစ်နေပါတယ်။
ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် တန်ကြေးမြင့် ကစားသမားတွေကို ခေါ်ယူဖို့ ခက်ခဲနေတဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး အာတီတာနဲ့ အဆင်မပြေတဲ့ အူဘာမီယန်းက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Independent သတင်းဌာနက ဆိုပါတယ်။
ဘာစီလိုနာအသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ ဖွင့်တာနဲ့ အူဘာမီယန်းကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းထံ ကမ်းလှမ်းဖွယ် ရှိနေပြီး အာဆင်နယ်က အူဘာမီယန်းကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားသလို အူဘာမီယန်းကလည်း ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာနိုင်ပါတယ်။

ZG
ဘာစီလိုနာအသင္းဟာ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းမွာ အဆင္မေျပျဖစ္ေနတဲ့ ဂါဘြန္ လက္ေ႐ြးစင္ တိုက္စစ္မႉး အူဘာမီယန္းကို ရာသီဝက္ အငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။
အာဆင္နယ္ဟာ ထရိန္နင္ ပ်က္ကြက္ခဲ့တဲ့ အူဘာမီယန္းကို အသင္းေခါင္းေဆာင္ကေန ဖယ္ရွားလိုက္ျပီး လာမယ့္ ပြဲမွာလည္း ထည့္ မသံုးဘူးလို႔ ေၾကျငာထားခဲ့တာပါ။
အူဘာမီယန္းဟာ အာဆင္နယ္အသင္းရဲ႕ လုပ္ခလစာ အမ်ားဆုံး ကစားသမား တဦး ျဖစ္သလို အသင္းရဲ႕ အဓိက တိုက္စစ္မႉးလည္း ျဖစ္ေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွာေတာ့ ေျခစြမ္းပိုင္း အေတာ္ေလး က်ဆင္းေနၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၁၄ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၄ဂိုးသာ သြင္းယူထားႏိုင္ကာ ဂိုးဖန္တီးမႈ ၁ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ပဲ အာဆင္နယ္အသင္းဟာ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာပဲ အူဘာမီယန္းကို အသင္းကေန ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားၿပီး တိုက္စစ္ပိုင္း အားနည္းခ်က္ေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းက အူဘာမီယန္းကို ေခၚယူဖို႔ စိတ္အဝင္စားဆုံး ျဖစ္ေနပါတယ္။
ဘ႑ာေရး အၾကပ္အတည္းေတြေၾကာင့္ တန္ေၾကးျမင့္ ကစားသမားေတြကို ေခၚယူဖို႔ ခက္ခဲေနတဲ့ စပိန္လာလီဂါ အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းဟာ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ ထိပ္တန္း တိုက္စစ္မႉး တဦးကို အငွားနဲ႔ ေခၚယူဖို႔ ႀကိဳးစားေနတဲ့ အသင္းတသင္း ျဖစ္ၿပီး အာတီတာနဲ႔ အဆင္မေျပတဲ့ အူဘာမီယန္းက သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ ျဖစ္ေနေၾကာင္း နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ The Independent သတင္းဌာနက ဆိုပါတယ္။
ဘာစီလိုနာအသင္းဟာ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ ဖြင့္တာနဲ႔ အူဘာမီယန္းကို ရာသီဝက္အငွားနဲ႔ ေခၚယူဖို႔ အာဆင္နယ္အသင္းထံ ကမ္းလွမ္းဖြယ္ ရွိေနၿပီး အာဆင္နယ္က အူဘာမီယန္းကို လက္လႊတ္ဖို႔ ဆုံးျဖတ္ထားသလို အူဘာမီယန္းကလည္း ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ဟာ ခပ္ျမန္ျမန္ပဲ ျဖစ္ေပၚလာႏိုင္ပါတယ္။