ကမ္ဘာ့အကောင်းဆုံး ဆန်ကာတင် ၂၃ ယောက်ထဲတောင် မပါခဲ့တဲ့ မိုဆာလာ
FIFPro ရဲ့ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အသင်းအတွက် ဆန်ကာတင် ၂၃ ယောက်စာရင်းကို ကြေညာခဲ့ရာမှာ လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလာ တစ်ယောက်တော့ ချန်လှပ်ခံခဲ့ရပါတယ်။
ဆာလာဟာ ဘလွန်းဒီအောဆု မဲပေးမှုမှာ အဆင့် ၇ ရရှိခဲ့ပြီး ယခု လူစာရင်းထဲ မပါဝင်ခဲ့တဲ့ အဆင့် အမြင့်ဆုံး ကစားသမားလဲ ဖြစ်ပါတယ်။ တိုက်စစ်ကစားသမား ၈ ယောက်အပါအဝင် ဒီဆန်ကာတင် လူစာရင်းအတွက် ကမ္ဘာတလွှားက ဘောလုံးသမားတွေ ဝိုင်းဝန်းမဲပေးခဲ့ကြပေမယ့် အီဂျစ်ဘုရင်လို့ တင်စားကြတဲ့ ဆာလာကတော့ အံ့အားသင့်ဖွယ် ပါဝင်ခဲ့ခြင်း မရှိတာပါ။

ဒါပေမယ့် ဘလွန်းဒီအောမဲပေးမှုတုန်းက ဆာလာထက် တစ်ဆင့်မြင့်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို အပါအဝင် တခြားသော လီဗာပူး ကစားသမား နှစ်ယောက်တောင် ကမ္ဘာ့အကောင်းဆုံးအသင်းရဲ့ ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့ပါသေးတယ်။
၂၃ ယောက်လူစာရင်းထဲမှာ တိုက်စစ် ၈ ယောက်အပြင် ဂိုးသမား ၃ ယောက်၊ နောက်ခံလူ ၆ ယောက်၊ ကွင်းလယ်လူ ၆ ယောက် တို့ပါဝင်ပြီး အဲ့ဒီ့ထဲက ၁၀ ယောက်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ကစားနေကြသူတွေ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ FIFPro ဆန်ကာတင်စာရင်းကို ၅၅ ယောက်ကနေ ၂၃ ယောက်အထိ ချုံ့ခဲ့တာဖြစ်ပြီး နောက်ဆုံး ၁၁ ယောက်စာရင်းကိုတော့ ဒီဇင်ဘာ ၁၇ မှာ ကြေညာမှာ ဖြစ်ပါတယ်။
“FIFPro နဲ့ FIFA တို့ဟာ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အသင်းအတွက် မဲပေးဖို့ ကမ္ဘာတလွှားက ပရော်ဖက်ရှင်နယ် ကစားသမားတွေကို တောင်းဆိုခဲ့ပါတယ်။ ၂၀၂၀-၂၁ ရာသီအတွင်း သူတို့အမြင်မှာ အထူးချွန်ဆုံး ဖြစ်တဲ့ ကစားသမားသုံးယောက်စီကို ရွေးချယ်စေခဲ့တာပါ။ ဂိုးသမား၊ နောက်တန်း၊ ကွင်းလယ်နဲ့ ရှေ့တန်းက နေရာ အားလုံး အတွက်ပေါ့”လို့ အဖွဲ့ချုပ်က ရှင်းပြခဲ့ပါတယ်။
နောက်ဆုံး အကောင်းဆုံး ၁၁ ယောက်အသင်းမှာတော့ ဂိုးသမားတစ်ယောက်၊ နောက်ခံလူ ၃ ယောက်၊ ကွင်းလယ်လူ ၃ ယောက်၊ တိုက်စစ်ကစားသမား ၃ ယောက်နဲ့အတူ ၁၁ ယောက်မြောက် မဲအများဆုံး (ဂိုးသမားမဟုတ်တဲ့) ကစားသမား နောက်တစ်ယောက်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။
လက်ရှိရွေးချယ်ထားတဲ့ ၂၃ ယောက် လူစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ဂိုး – အဲလစ်ဆန်၊ ဒွန်နာရမ်မာ၊ မန်ဒီ
- နောက်တန်း – အလာဘာ၊ ဂျော်ဒီအယ်ဘာ၊ အာနိုး၊ ဒါနီအဲဗက်စ်၊ ဘိုနူချီ၊ ရူဘင်ဒီယက်စ်
- အလယ်တန်း – ဘူးစကွက်စ်၊ ဒီဘရိုင်း၊ ဘရူနို ဖာနန်ဒက်စ်၊ ဒီဂျောင်၊ ဂျော်ဂျင်ညို၊ ကွန်တေ
- ရှေ့တန်း – ဘန်ဇီမာ၊ ရော်နယ်ဒို၊ ဟာလန်း၊ လီဝန်ဒေါစကီး၊ လူကာကူ၊ အမ်ဘာပေ၊ မက်ဆီ၊ နေမာ
ZG

FIFPro ရဲ႕ ကမာၻ႔အေကာင္းဆုံး ၁၁ ေယာက္အသင္းအတြက္ ဆန္ကာတင္ ၂၃ ေယာက္စာရင္းကို ေၾကညာခဲ့ရာမွာ လီဗာပူး တိုက္စစ္မႉး မိုဟာမက္ဆာလာ တစ္ေယာက္ေတာ့ ခ်န္လွပ္ခံခဲ့ရပါတယ္။
ဆာလာဟာ ဘလြန္းဒီေအာဆု မဲေပးမႈမွာ အဆင့္ ၇ ရရွိခဲ့ၿပီး ယခု လူစာရင္းထဲ မပါဝင္ခဲ့တဲ့ အဆင့္ အျမင့္ဆုံး ကစားသမားလဲ ျဖစ္ပါတယ္။ တိုက္စစ္ကစားသမား ၈ ေယာက္အပါအဝင္ ဒီဆန္ကာတင္ လူစာရင္းအတြက္ ကမာၻတလႊားက ေဘာလုံးသမားေတြ ဝိုင္းဝန္းမဲေပးခဲ့ၾကေပမယ့္ အီဂ်စ္ဘုရင္လို႔ တင္စားၾကတဲ့ ဆာလာကေတာ့ အံ့အားသင့္ဖြယ္ ပါဝင္ခဲ့ျခင္း မရွိတာပါ။
ဒါေပမယ့္ ဘလြန္းဒီေအာမဲေပးမႈတုန္းက ဆာလာထက္ တစ္ဆင့္ျမင့္ခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္ဒို အပါအဝင္ တျခားေသာ လီဗာပူး ကစားသမား နွစ္ေယာက္ေတာင္ ကမာၻ႔အေကာင္းဆုံးအသင္းရဲ႕ ဆန္ကာတင္စာရင္းထဲ ပါဝင္ခဲ့ပါေသးတယ္။
၂၃ ေယာက္လူစာရင္းထဲမွာ တိုက္စစ္ ၈ ေယာက္အျပင္ ဂိုးသမား ၃ ေယာက္၊ ေနာက္ခံလူ ၆ ေယာက္၊ ကြင္းလယ္လူ ၆ ေယာက္ တို႔ပါဝင္ၿပီး အဲ့ဒီ့ထဲက ၁၀ ေယာက္ဟာ လက္ရွိ ပရီးမီးယားလိဂ္မွာ ကစားေနၾကသူေတြ ျဖစ္ပါတယ္။
ဒီႏွစ္ရဲ႕ FIFPro ဆန္ကာတင္စာရင္းကို ၅၅ ေယာက္ကေန ၂၃ ေယာက္အထိ ခ်ဳံ႕ခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ၁၁ ေယာက္စာရင္းကိုေတာ့ ဒီဇင္ဘာ ၁၇ မွာ ေၾကညာမွာ ျဖစ္ပါတယ္။
“FIFPro နဲ႔ FIFA တို႔ဟာ ကမာၻ႔အေကာင္းဆုံး ၁၁ ေယာက္အသင္းအတြက္ မဲေပးဖို႔ ကမာၻတလႊားက ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြကို ေတာင္းဆိုခဲ့ပါတယ္။ ၂၀၂၀-၂၁ ရာသီအတြင္း သူတို႔အျမင္မွာ အထူးခြၽန္ဆုံး ျဖစ္တဲ့ ကစားသမားသုံးေယာက္စီကို ေ႐ြးခ်ယ္ေစခဲ့တာပါ။ ဂိုးသမား၊ ေနာက္တန္း၊ ကြင္းလယ္နဲ႔ ေရွ႕တန္းက ေနရာ အားလုံး အတြက္ေပါ့”လို႔ အဖြဲ႕ခ်ဳပ္က ရွင္းျပခဲ့ပါတယ္။
ေနာက္ဆုံး အေကာင္းဆုံး ၁၁ ေယာက္အသင္းမွာေတာ့ ဂိုးသမားတစ္ေယာက္၊ ေနာက္ခံလူ ၃ ေယာက္၊ ကြင္းလယ္လူ ၃ ေယာက္၊ တိုက္စစ္ကစားသမား ၃ ေယာက္နဲ႔အတူ ၁၁ ေယာက္ေျမာက္ မဲအမ်ားဆုံး (ဂိုးသမားမဟုတ္တဲ့) ကစားသမား ေနာက္တစ္ေယာက္ကို ေ႐ြးခ်ယ္မွာ ျဖစ္ပါတယ္။
လက္ရွိေ႐ြးခ်ယ္ထားတဲ့ ၂၃ ေယာက္ လူစာရင္းကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
- ဂိုး – အဲလစ္ဆန္၊ ဒြန္နာရမ္မာ၊ မန္ဒီ
- ေနာက္တန္း – အလာဘာ၊ ေဂ်ာ္ဒီအယ္ဘာ၊ အာႏိုး၊ ဒါနီအဲဗက္စ္၊ ဘိုႏူခ်ီ၊ ႐ူဘင္ဒီယက္စ္
- အလယ္တန္း – ဘူးစကြက္စ္၊ ဒီဘ႐ိုင္း၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဒီေဂ်ာင္၊ ေဂ်ာ္ဂ်င္ညိဳ၊ ကြန္ေတ
- ေရွ႕တန္း – ဘန္ဇီမာ၊ ေရာ္နယ္ဒို၊ ဟာလန္း၊ လီဝန္ေဒါစကီး၊ လူကာကူ၊ အမ္ဘာေပ၊ မက္ဆီ၊ ေနမာ