ဘာစီလိုနာ ပစ်မှတ် ကာဗာနီ၊ မာရှယ် အလဲအထပ်၊ ပေါ့ဘာ၊ ဒီဂီယာတို့နဲ့ ယနေ့ည မန်ယူ သတင်းများ
အက်သလက်တီတို မက်ဒရစ်ဟာ မန်ယူတိုက်စစ်မှူး မာရှယ်လ်ကို ကစားသမားတစ်ဦး အလိုက်ပေးကာ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဒီကမ်းလှမ်းမှုကို မန်ယူဘက်ကလည်း လက်ခံဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဘယ် ကစားသမား ကို အလိုက်ပေးမလဲဆိုတာတော့ မသိရသေးပါဘူး။
နယူးကာဆယ်အနေနဲ့ မန်ယူ ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို ခေါ်ယူသင့်တယ်လို့ ချဲလ်ဆီး ကစားသမားဟောင်း ဂျိုလ်ကိုးက တိုက်တွန်းလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမားဒီဂီယာကို စာချုပ်သက်တမ်း တိုးမြှင့်ဖွယ်ရှိနေကြောင်း မန်ချက်စတာ သတင်းဌာနက ဖော်ပြထားပါတယ်။ လက်ရှိမှာ ဒီဂီယာရဲ့ သက်တဆမ်းဟာ ၂၀၂၄ ခုနှစ်အထိ ရှိနေပြီး မန်ယူက နောက်ထပ် သက်တမ်း တိုးလိုနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ မာဆေးကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ မန်ယူ အနေနဲ့ လာမဲ့နွေရာသီမှာ ကာမာရာကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ကြိုးပမ်းလျက်ရှိနေတာပါ။
ရန်နစ်နဲ့ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မူှး ဒမ်ဘာဘားက ရန်နစ်ဟာ မန်ယူကို အလုံးစုံပြောင်းလဲပေးနိုင်မဲ့သူ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ရန်နစ်ဟာ ထူးခြားတဲ့နည်းပြဖြစ်ပြီး သူလုပ်ချင်တဲ့ပုံစံအတိုင်း လုပ်ခွင့်ရမယ်ဆိုရင် အောင်မြင်မှု ရယူနိုင်မယ်ဆိုတာ သေချာကြောင်း ၎င်းက ဆိုခဲ့ပါတယ်။
ဘာစီလိုနာရဲ့ ဇန်နဝါရီဦးစားပေး ပစ်မှတ်က မန်ချက်စတာယူနိုက်တက်တိုက်စစ်မူှး ကာဗာနီ ဖြစ်ကြောင်း စပိန် သတင်းတွေက ဖော်ပြထားပါတယ်။ အဂူရို ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ပြီးနောက် ဘာစီအနေနဲ့ တိုက်စစ်မှူး ဦးစားပေး ခေါ်ယူသွားမှာပါ။
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဆပ်တန်က ချန်ပီယံလိဂ်မှာ မန်ယူအနေနဲ့ အက်သလက်တီကို မက်ဒရစ်ကို ကျော်ဖြတ်ပြီး ကွာတား တက်နိုင်မယ်လို့ ခန့်မှန်း သုံးသပ်သွားပါတယ်။

ဖေဖော်ဝါရီလမှာ မန်ယူရဲ့ ပုံစံက ဘယ်လိုရှိမလဲ ဆိုတာ မသိနိုင်ပေမယ့် ရန်နစ်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေက ပြင်းထန်လို့ ဒဏ်ရာတွေကသာ အဓိက ပြဿနာြ ဖစ်နိုင်တယ် လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။
မန်ယူက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ ပေါ့ဘာရဲ့နေရာကို အစားထိုးဖို့ ကစားသမားသစ် ရှာဖွေသွား မှာ ဖြစ်တယ်လို့ တယ်လီဂရပ်က ဖော်ပြထားပါတယ်။ နည်းပြ ရန်နစ်က ပေါ့ဘာကို ဆက်ထိန်းထားလိုခြင်း မရှိပါဘူး။