အမ်ဘတ်ပီ သက်တမ်းတိုး စာချုပ် မချုပ်ရင် တစ်ရာသီလုံး အရန်ခုံ ထိုင်ခိုင်ထားမယ်လို့ ပီအက်စ်ဂျီ ခြိမ်းခြောက်
ပြင်သစ် တိုက်စစ်မှူး အမ်ဘတ်ပီဟာ သက်တမ်းတိုး စာချုပ် ချုပ်ဖို့ငြင်းဆိုခဲ့ပါက တစ်နှစ်လုံး အရန်ခုံမှာသာ ထိုင်ခိုင်းသွားမယ် လို့ ပီအက်စ်ဂျီက ခြိမ်းခြောက်လိုက်ပြီး ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်း အဲရစ်ဒီမီကိုကတော့ ကစားသမားကို ဖိအားမပေးဖို့ လီဂူးဝမ်းကလပ်ကို တောင်းဆိုလိုက်ပါတယ်။
စာချုပ်ရဲ့နောက်ဆုံး ၁၂လ သက်တမ်းသို့ ရောက်ရှိလာသော်လည်း အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ အသင်းနှင့် သက်တမ်းတိုးဖို့ မလုပ်ရသေးတာဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၃ပွဲကစားထားတဲ့ မက်ပီက အသင်းကနေထွက်ခွာဖို့ ကြိုးစားနေ တာဖြစ်ပါတယ်။
“အဓိက ပြဿနာကတော့ ပြီးခဲ့တဲ့နှစ်တုန်းက သူ့နဲ့စာချုပ်မချုပ်ဆိုနိုင်ခဲ့တာဖြစ်ကာ သူက အရည်အ ချင်းရှိတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ခင်ဗျားသာ ပီအက်စ်ဂျီကဖြစ်ပြီး ပြောချင်တယ်ဆိုရင်တော့ ‘ မင်းက ငါတို့အသင်းမှာမရှိချင်တော့ဘူးဆိုရင် တစ် နှစ်လုံး အရန်ခုံမှာသာထိုင်နိုင်ပါတယ်’ လို့ ပြောနိုင်ပါတယ် ” လို့ ဒီမီကိုက ပြောပါတယ်။
ပြီးခဲ့တဲ့၄ရာသီစလုံး ပီအက်စ်ဂျီမှာ ခြေစွမ်းပြကစားခဲ့ကာ အသင်းကို လီဂူးဝမ်းဖလား ၃လုံးနှင့် ချန်ပီယံလိဂ်ဖိုင်နယ် သို့ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။ အသင်းအတွက် ၁၂၇ပွဲကစားထားပြီး ၁၁၁ ဂိုး သွင်းယူပေးထားကာ တိုက်စစ်မှုး နေမာနှင့်အတူ ခြေစွမ်းပြသနေသူ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံသားကတော့ အသင်းနှင့် စာချုပ်အသစ်ချုပ်ဆိုလိုက်တာဖြစ်ပြီး မက်ပီကတော့ သူ့ရဲ့အနာဂတ်နှင့် ပတ်သက်ကာ စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့တန်ကြေးက မြင့်မားနေတာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးခါနီးမှာတော့ တန်ကြေးက ကျ ဆင်းသွားဖို့ ရှိနေပါတယ်။

ZG – ျပင္သစ္ တိုက္စစ္မွဴး အမ္ဘတ္ပီဟာ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဖို႔ျငင္းဆိုခဲ့ပါက တစ္ႏွစ္လုံး အရန္ခုံမွာသာ ထိုင္ခိုင္းသြားမယ္ လို႔ ပီအက္စ္ဂ်ီက ျခိမ္းေျခာက္လိုက္ျပီး ျပင္သစ္လက္ေ႐ြးစင္ ကစားသမားေဟာင္း အဲရစ္ဒီမီကိုကေတာ့ ကစားသမားကို ဖိအားမေပးဖို႔ လီဂူးဝမ္းကလပ္ကို ေတာင္းဆိုလိုက္ပါတယ္။
စာခ်ဳပ္ရဲ႕ေနာက္ဆုံး ၁၂လ သက္တမ္းသို႔ ေရာက္ရွိလာေသာ္လည္း အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားဟာ အသင္းႏွင့္ သက္တမ္းတိုးဖို႔ မလုပ္ရေသးတာျဖစ္ပါတယ္။ ႏိုင္ငံ့လက္ေ႐ြးစင္အသင္းအတြက္ ပြဲေပါင္း ၂၃ပြဲကစားထားတဲ့ မက္ပီက အသင္းကေနထြက္ခြာဖို႔ ႀကိဳးစားေန တာျဖစ္ပါတယ္။
“အဓိက ျပႆနာကေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းက သူ႔နဲ႔စာခ်ဳပ္မခ်ဳပ္ဆိုႏိုင္ခဲ့တာျဖစ္ကာ သူက အရည္အ ခ်င္းရွိတဲ့ ကစားသမား တစ္ဦးျဖစ္ပါတယ္။ ခင္ဗ်ားသာ ပီအက္စ္ဂ်ီကျဖစ္ၿပီး ေျပာခ်င္တယ္ဆိုရင္ေတာ့ ‘ မင္းက ငါတို႔အသင္းမွာမရွိခ်င္ေတာ့ဘူးဆိုရင္ တစ္ ႏွစ္လုံး အရန္ခုံမွာသာထိုင္ႏိုင္ပါတယ္’ လို႔ ေျပာႏိုင္ပါတယ္ ” လို႔ ဒီမီကိုက ေျပာပါတယ္။
ၿပီးခဲ့တဲ့၄ရာသီစလုံး ပီအက္စ္ဂ်ီမွာ ေျခစြမ္းျပကစားခဲ့ကာ အသင္းကို လီဂူးဝမ္းဖလား ၃လုံးႏွင့္ ခ်န္ပီယံလိဂ္ဖိုင္နယ္ သို႔ ေရာက္ရွိေအာင္ ကူညီေပးႏိုင္ခဲ့တာပါ။ အသင္းအတြက္ ၁၂၇ပြဲကစားထားၿပီး ၁၁၁ ဂိုး သြင္းယူေပးထားကာ တိုက္စစ္မႈး ေနမာႏွင့္အတူ ေျခစြမ္းျပသေနသူ ျဖစ္ပါတယ္။
ဘရာဇီးႏိုင္ငံသားကေတာ့ အသင္းႏွင့္ စာခ်ဳပ္အသစ္ခ်ဳပ္ဆိုလိုက္တာျဖစ္ၿပီး မက္ပီကေတာ့ သူ႔ရဲ႕အနာဂတ္ႏွင့္ ပတ္သက္ကာ စဥ္းစားဆုံးျဖတ္ရမွာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူ႔ရဲ႕တန္ေၾကးက ျမင့္မားေနတာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးခါနီးမွာေတာ့ တန္ေၾကးက က် ဆင္းသြားဖို႔ ရွိေနပါတယ္။