နောက်နှစ် နွေမှာ ဟာလန်းကို အရ ခေါ်ဖို့ လက်ဝါးချင်းရိုက် သဘောတူထားတဲ့ ဆိုးရှားနဲ့ ယူနိုက်တက်ဒါရိုက်တာ
မန်ချက်စတာ ယူနိုက်တက် ဒါရိုက်တာ ဂျွန်မာတာ့ဖ်နဲ့ နည်းပြ ဆိုးလ်ရှားတို့ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဗဟို တိုက်စစ်မှူး နေရာအတွက် ဟာလန်းကို အရခေါ်ယူဖို့ နှစ်ယောက် သဘောတူညီ ဆုံးဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် ရေရှည်အတွက် အားကိုးရမယ့် တိုက်စစ်မှူး တစ်ယောက် လိုအပ်နေဆဲဆိုတာကို အသင်းတာဝန်ရှိသူတွေက သဘောပေါက် နားလည်ထားပြီးဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆန်ချို၊ ဗာရန်း၊ ရော်နယ်ဒိုတို့အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ပေါင်သန်း (၁၀၀) ကျော် အသုံးပြုခဲ့ပြီး လာမယ့် နွေရာသီမှာတော့ ဗဟိုတိုက်စစ်မှူး နေရာအတွက် ငွေကြေးအလုံးအရင်း ထပ်မံသုံးစွဲသွားဖို့ ပြင်ဆင်ထားတာပါ။

ယူနိုက်တက်အနေနဲ့ သူတို့ကာလရှည် စိတ်ဝင်စားခဲ့တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းကိုရော မန်စီးတီးနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနိုင်မလားလို့ ပရိသတ်တွေအကြား မေးခွန်းတွေရှိနေပေမယ့် လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့အတွက် အဓိကျတဲ့ ဒါရိုက်တာ မာတာ့ဖ်နဲ့ ဆိုးလ်ရှားတို့က ဟာလန်းကိုသာ အရခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ မန်ချက်စတာညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ဆောင်းရာသီတုန်းကလည်း ဟာလန်းကို ဆဲလ်ဘာ့ဂ်ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က အသင်းအမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝက်ကိုယ်တိုင် ဟာလန်း၊ အေးဂျင့် ရွိုင်အိုလာတို့နဲ့ ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဟာလန်းက ဒေါ့မွန်ကိုသာ ရွေးချယ်သွားခဲ့တာပါ။
ဟာလန်းဟာ ဒေါ့မွန်ကစားသမားဘဝမှာလည်း ပြိုင်ပွဲစုံ (၆၇) ပွဲကစား၊ (၆၈) ဂိုးသွင်းယူထားပြီး ရော်နယ်ဒို၊ မက်ဆီတို့ အလွန် ဘောလုံး လောကကို ဦးဆောင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ သူ့ရဲ့ ကစားပုံကလည်း ကြံ့ခိုင်မှုအသားပေး ပရီးမီးယားလိဂ်နဲ့ အဆင်ပြေနိုင်ပြီး လာမယ့်နွေရာသီမှာ စာချုပ်ပါ လျော်ကြေး ယူရို (၇၅) သန်းအထိ ကျဆင်းမှာကလည်း ရှိနေပါတယ်။
ဒါပေမယ့် ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့ကလည်း ဟာလန်းကိုခေါ်ယူဖို့ ကြိုးစားလာနိုင်ဖွယ်ရှိပြီး ယူနိုက်တက်တို့ ဆိုးလ်ရှားနဲ့ဟာလန်းအကြား ရင်းနှီးတဲ့ဆက်ဆံရေး၊ ရော်နယ်ဒိုရှိနေခြင်း အစရှိတာတွေကို အသုံးချပြီး ဟာလန်းကို အရခေါ်ယူနိုင်မလား နွေမှာ ရင်ခုန်ရဦးမှာ ဖြစ်ပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္ ဒါ႐ိုက္တာ ဂြၽန္မာတာ့ဖ္နဲ႔ နည္းျပ ဆိုးလ္ရွားတို႔ဟာ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ဗဟို တိုက္စစ္မႉး ေနရာအတြက္ ဟာလန္းကို အရေခၚယူဖို႔ ႏွစ္ေယာက္ သေဘာတူညီ ဆုံးျဖတ္ခဲ့တယ္လို႔ သိရွိရပါတယ္။
ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူခဲ့ေပမယ့္ ေရရွည္အတြက္ အားကိုးရမယ့္ တိုက္စစ္မႉး တစ္ေယာက္ လိုအပ္ေနဆဲဆိုတာကို အသင္းတာဝန္ရွိသူေတြက သေဘာေပါက္ နားလည္ထားၿပီးျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ဆန္ခ်ိဳ၊ ဗာရန္း၊ ေရာ္နယ္ဒိုတို႔အတြက္ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕မွာ ေပါင္သန္း (၁၀၀) ေက်ာ္ အသုံးျပဳခဲ့ၿပီး လာမယ့္ ေႏြရာသီမွာေတာ့ ဗဟိုတိုက္စစ္မႉး ေနရာအတြက္ ေငြေၾကးအလုံးအရင္း ထပ္မံသုံးစြဲသြားဖို႔ ျပင္ဆင္ထားတာပါ။
ယူႏိုက္တက္အေနနဲ႔ သူတို႔ကာလရွည္ စိတ္ဝင္စားခဲ့တဲ့ စပါးတိုက္စစ္မႉး ဟာရီကိန္းကိုေရာ မန္စီးတီးနဲ႔အၿပိဳင္ ေခၚယူဖို႔ ႀကိဳးစားဖြယ္ရွိႏိုင္မလားလို႔ ပရိသတ္ေတြအၾကား ေမးခြန္းေတြရွိေနေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အေျပာင္းအေ႐ႊ႕အတြက္ အဓိက်တဲ့ ဒါ႐ိုက္တာ မာတာ့ဖ္နဲ႔ ဆိုးလ္ရွားတို႔က ဟာလန္းကိုသာ အရေခၚယူဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ မန္ခ်က္စတာညေနခင္း သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ (၂၀၁၉) ေဆာင္းရာသီတုန္းကလည္း ဟာလန္းကို ဆဲလ္ဘာ့ဂ္ကေန ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။ အဲ့ဒီအခ်ိန္က အသင္းအမႈေဆာင္အရာရွိခ်ဳပ္ အက္ဝုဒ္ဝက္ကိုယ္တိုင္ ဟာလန္း၊ ေအးဂ်င့္ ႐ြိဳင္အိုလာတို႔နဲ႔ ေဆြးေႏြးခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ဟာလန္းက ေဒါ့မြန္ကိုသာ ေ႐ြးခ်ယ္သြားခဲ့တာပါ။
ဟာလန္းဟာ ေဒါ့မြန္ကစားသမားဘဝမွာလည္း ၿပိဳင္ပြဲစုံ (၆၇) ပြဲကစား၊ (၆၈) ဂိုးသြင္းယူထားၿပီး ေရာ္နယ္ဒို၊ မက္ဆီတို႔ အလြန္ ေဘာလုံး ေလာကကို ဦးေဆာင္ႏိုင္လိမ့္မယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ သူ႔ရဲ႕ ကစားပုံကလည္း ႀကံ့ခိုင္မႈအသားေပး ပရီးမီးယားလိဂ္နဲ႔ အဆင္ေျပႏိုင္ၿပီး လာမယ့္ေႏြရာသီမွာ စာခ်ဳပ္ပါ ေလ်ာ္ေၾကး ယူ႐ို (၇၅) သန္းအထိ က်ဆင္းမွာကလည္း ရွိေနပါတယ္။
ဒါေပမယ့္ ရီးရဲယ္မက္ဒရစ္နဲ႔ PSG တို႔ကလည္း ဟာလန္းကိုေခၚယူဖို႔ ႀကိဳးစားလာႏိုင္ဖြယ္ရွိၿပီး ယူႏိုက္တက္တို႔ ဆိုးလ္ရွားနဲ႔ဟာလန္းအၾကား ရင္းႏွီးတဲ့ဆက္ဆံေရး၊ ေရာ္နယ္ဒိုရွိေနျခင္း အစရွိတာေတြကို အသုံးခ်ၿပီး ဟာလန္းကို အရေခၚယူႏိုင္မလား ေႏြမွာ ရင္ခုန္ရဦးမွာ ျဖစ္ပါတယ္။