မန်ယူနဲ့ အာဆင်နယ်တို့ ပစ်မှတ် ကစားသမားကို ယူရို သန်း ၁ဝဝ နဲ့ ဝင်ကမ်းလှမ်းဖို့ နယူးကာဆယ် ပြင်ဆင်
နယူးကာဆယ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဗလာဟိုဗစ် ကို သူတို့ထက် လက်ဦးမှုရရှိအောင် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နယူးကာဆယ် အသင်းဟာ ဗလာဟိုဗစ် ကို ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။ နယူး ကာဆယ် အသင်းဟာ ဆားဘီးယား တိုက်စစ်မှူး ကို ကမ်းလှမ်းဖို့ ဇန်နဝါရီ အပြောင်းအရွှေ့ ဒါမှမဟုတ် နွေရာသီ အပြောင်း အရွှေ့မှာ ဖြစ်မလား ဆိုတာတော့ သေသေချာချာ မသိရသေးတာလည်းဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ လက်ရှိအချိန်မှာ ရမှတ်(၁၀)မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန် အဆင့်(၁၉) နရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ အသင်းဟာ ဒီရာသီမှာ ရဂိုး(၁၈)ဂိုးသာရရှိထားတာပါ။ အဲ့ဒါကြောင့် တန်းဆင်းဇုန်က လွတ်ဖို့ဆိုရင် ဝ်ီလ်ဆင်နဲ့ တွဲဖက်ပြီး ဂိုးသွင်းမယ့် တိုက်စစ်မှူး ကောင်းလိုအပ်နေ တာဖြစ်ပါတယ်။
ဗလာဟိုဗစ် ကို နယူးကာဆယ် အသင်းက ကမ်းးလှမ်းမယ့် ကောလဟာလ သတင်းတွေဟာ သူ့ကို လိုချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ် အသင်းတို့ အတွက် အချက်ပေးသံ ဖြစ်ပေါ်လာဖို့ ရှိနေတာပါ။ ဖီအိုရင်တီးနား တိုက်စစ်မှူး ကို ခေါ်ယူဖို့ မကြာသေးခင်က မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဗလာဟိုဗစ် ကလည်း ဖီအိုရင်တီးနား နဲ့ စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားတာကြောင့် အီတလီ ကလပ်က ရောင်းချချင်နေတာပါ။ ဗလာဟိုဗစ် ဟာ ဒီရာသီမှာ ဖီအိုရင်တီးနား အတွက် (၁၈)ပွဲကစားထားပြီး (၁၇)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

ZG
နယူးကာဆယ္ အသင္းဟာ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ အာဆင္နယ္ အသင္းတို႔ရဲ႕ ပစ္မွတ္ျဖစ္တဲ့ ဗလာဟိုဗစ္ ကို သူတို႔ထက္ လက္ဦးမႈရရွိေအာင္ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
နယူးကာဆယ္ အသင္းဟာ ဗလာဟိုဗစ္ ကို ယူ႐ိုသန္း(၁၀၀)နဲ႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ဖို႔ ရွိေနတာပါ။ နယူးကာဆယ္ အသင္းဟာ ဆားဘီးယား တိုက္စစ္မႉး ကို ကမ္းလွမ္းဖို႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ဒါမွမဟုတ္ ေႏြရာသီ အေျပာင္း အေ႐ႊ႕မွာ ျဖစ္မလား ဆိုတာေတာ့ ေသေသခ်ာခ်ာ မသိရေသးတာလည္းျဖစ္ပါတယ္။
နယူးကာဆယ္ အသင္းဟာ လက္ရွိအခ်ိန္မွာ ရမွတ္(၁၀)မွတ္သာ ရရွိထားၿပီး တန္းဆင္းဇုန္ အဆင့္(၁၉) နရာမွာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။ အသင္းဟာ ဒီရာသီမွာ ရဂိုး(၁၈)ဂိုးသာရရွိထားတာပါ။ အဲ့ဒါေၾကာင့္ တန္းဆင္းဇုန္က လြတ္ဖို႔ဆိုရင္ ဝ္ီလ္ဆင္နဲ႔ တြဲဖက္ၿပီး ဂိုးသြင္းမယ့္ တိုက္စစ္မႉး ေကာင္းလိုအပ္ေန တာျဖစ္ပါတယ္။
ဗလာဟိုဗစ္ ကို နယူးကာဆယ္ အသင္းက ကမ္းးလွမ္းမယ့္ ေကာလဟာလ သတင္းေတြဟာ သူ႔ကို လိုခ်င္ေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္၊ အာဆင္နယ္ အသင္းတို႔ အတြက္ အခ်က္ေပးသံ ျဖစ္ေပၚလာဖို႔ ရွိေနတာပါ။ ဖီအိုရင္တီးနား တိုက္စစ္မႉး ကို ေခၚယူဖို႔ မၾကာေသးခင္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္ အသင္းတို႔က ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။
ဗလာဟိုဗစ္ ကလည္း ဖီအိုရင္တီးနား နဲ႔ စာခ်ဳပ္သက္တမ္းမတိုးဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ အီတလီ ကလပ္က ေရာင္းခ်ခ်င္ေနတာပါ။ ဗလာဟိုဗစ္ ဟာ ဒီရာသီမွာ ဖီအိုရင္တီးနား အတြက္ (၁၈)ပြဲကစားထားၿပီး (၁၇)ဂိုး သြင္းယူထားတာျဖစ္ပါတယ္။