ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို မန်စီးတီး၊ မန်ယူ၊ လီဗာပူးတို့ထဲ ဘယ်အသင်းက အလိုအပ်ဆုံး ဖြစ်နေလဲ

အသက် ၁၈ နှစ် အရွယ် အင်္ဂလန်စတား ဘယ်လင်ဟမ်ဟာ ဘွန်ဒက်လီဂါကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ဒေါ့မွန် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာရုံသာမကဘဲ ဥရောပရဲ့ ကြယ်ပွင့်တစ်ဦး အဖြစ် တောက်ပလာခဲ့ပါတယ်။

မန်ယူအသင်း ဟာ အားနည်းမှု ရှိနေတဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် ဘယ်လင်ဟမ်ကို ချိတ်ဆက် နေတယ်လို့ သိရပြီး ပြိုင်ဘက် လီဗာပူးကလည်း ၎င်းကို စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ မက်မာနာမန်က မန်ယူအသင်း ဟာ ဘယ်လင်ဟမ်လို ကစားသမားမျိုးကို သူတို့ရဲ့ ပြိုင်ဘက်တွေထက် ပိုမို လိုအပ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

မက်မာနာမန်က “သူ့ဆီမှာ စူပါစတား တစ်ဦး ဖြစ်လာမယ့် အရည်အသွေးတွေ အားလုံး ရှိနေပါတယ်။ ဘယ်လင်ဟမ် ကို ဝယ်ယူသွားနိုင်တဲ့ အသင်းတွေကို တစ်ချက် ကြည့်လိုက်ပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီလို ကွင်းလယ်ဗဟို ကစားသမားမျိုးကို လိုအပ်ပါလိမ့်မယ်။

မန်ချက်စတာစီးတီးမှာ ရိုဒရီ ဂွန်ဒိုဂန် ဘာနာဒိုဆေးလ်ဗား စတဲ့ ကစားသမားတွေ ရှိနေပါတယ်။ လီဗာပူးမှာလည်း ဂျော်ဒန်ဟန်ဒါဆန် ၊ တီယာဂို ၊ ဖာဘင်ညို တို့လို ထိပ်တန်း ကစားသမားတွေ ရှိပါတယ်။ အမှန်ပါပဲ။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်တာကြောင့် ဘယ်အသင်းမဆို အတွက် အရမ်းကို ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ။

ဒါပေမယ့် လီဗာပူးတို့ သူတို့ လိုအပ်သလား ဆိုတာကတော့ အခြား ခေါင်းစဉ် တစ်ခု ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ကစားသမား နှောင်းပိုင်းကို ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဂျိမ်းမီနာလည်း ဒီအတိုင်း ပါပဲ။ ဒါ့ကြောင့် လီဗာပူး နောက်ထပ် ကွင်းလယ် ဗဟိုကစားသမား တစ်ဦးကို ခေါ်ယူဖို့ စိတ်ကူး ရှိနေမှာပါ။

ဒါပေမယ့်လည်း လောလောဆယ်တော့ သူတို့ဟာ ကွင်းလယ်ပိုင်းမှာ အင်ပြည့်အားပြည့် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ဝိုင်နယ်ဒန် အသင်းကနေ ထွက်ခွာသွားတုန်းက လူတွေက လီဗာပူးတို့ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ လိုအပ်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ဒီလို မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် လူတွေ ဒီကိစ္စကို မေ့ပျောက်သွားပြီလား? ကလော့က ဘယ်လင်ဟမ်ကို ခေါ်ယူသွားမှာလား? သူတို့ တက်နိုင်သလား? ဆိုတာကတော့ နောက်ထပ် အကြောင်းအရာ တစ်ခုပါ။

မန်စီးတီးဟာ သူ့ကို ခေါ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကွင်းလယ်မှာ တကယ့် ထိပ်တန်း ကစားသမားတွေ ရှိနေပြီး ဖြစ်ပါတယ်။ သူ အဲဒီမှာ ပုံမှန် ကစားခွင့် ရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ယူနိုက်တက်ဟာ ဒီလို ကွင်းလယ်ဗဟို ကစားသမားမျိုးကို လိုအပ်နေတယ်လို့ ထင်ပါတယ်။

မာတစ်နဲ့ မာတာ တို့ဟာ ကစားသမား ဘ၀ နှောင်းပိုင်းကို ရောက်လာပြီ ဖြစ်ကာ ပေါ့ဘာကလည်း အသင်း ကနေ ထွက်ခွာ သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လင်ဟမ်လို ကစားသမားမျိုးကို အလိုအပ်ဆုံး အသင်း တစ်သင်း ရှိနေမယ်ဆိုရင် ဒါဟာ မန်ချက်စတာ ယူနိုက်တက်ပဲ ဖြစ်မှာပါ။” လို့ ဆိုသွားပါတယ်။

ZG

အသက္ ၁၈ ႏွစ္ အ႐ြယ္ အဂၤလန္စတား ဘယ္လင္ဟမ္ဟာ ဘြန္ဒက္လီဂါကို ေရာက္ရွိလာခဲ့ၿပီးေနာက္ပိုင္း ေဒါ့မြန္ အသင္းရဲ႕ အဓိက ကစားသမား ျဖစ္လာ႐ုံသာမကဘဲ ဥေရာပရဲ႕ ၾကယ္ပြင့္တစ္ဦး အျဖစ္ ေတာက္ပလာခဲ့ပါတယ္။

မန္ယူအသင္း ဟာ အားနည္းမႈ ရွိေနတဲ့ ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔ အတြက္ ဘယ္လင္ဟမ္ကို ခ်ိတ္ဆက္ ေနတယ္လို႔ သိရၿပီး ၿပိဳင္ဘက္ လီဗာပူးကလည္း ၎ကို စိတ္ဝင္စားတဲ့ အသင္းေတြထဲမွာ ပါဝင္ေနပါတယ္။ မက္မာနာမန္က မန္ယူအသင္း ဟာ ဘယ္လင္ဟမ္လို ကစားသမားမ်ိဳးကို သူတို႔ရဲ႕ ၿပိဳင္ဘက္ေတြထက္ ပိုမို လိုအပ္လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

မက္မာနာမန္က “သူ႔ဆီမွာ စူပါစတား တစ္ဦး ျဖစ္လာမယ့္ အရည္အေသြးေတြ အားလုံး ရွိေနပါတယ္။ ဘယ္လင္ဟမ္ ကို ဝယ္ယူသြားႏိုင္တဲ့ အသင္းေတြကို တစ္ခ်က္ ၾကည့္လိုက္ပါ။ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဒီလို ကြင္းလယ္ဗဟို ကစားသမားမ်ိဳးကို လိုအပ္ပါလိမ့္မယ္။

မန္ခ်က္စတာစီးတီးမွာ ႐ိုဒရီ ဂြန္ဒိုဂန္ ဘာနာဒိုေဆးလ္ဗား စတဲ့ ကစားသမားေတြ ရွိေနပါတယ္။ လီဗာပူးမွာလည္း ေဂ်ာ္ဒန္ဟန္ဒါဆန္ ၊ တီယာဂို ၊ ဖာဘင္ညိဳ တို႔လို ထိပ္တန္း ကစားသမားေတြ ရွိပါတယ္။ အမွန္ပါပဲ။ သူဟာ အရမ္းကို ေကာင္းတဲ့ ကစားသမား ျဖစ္တာေၾကာင့္ ဘယ္အသင္းမဆို အတြက္ အရမ္းကို ေကာင္းတဲ့ ေခၚယူမႈ ျဖစ္လာမွာပါ။

ဒါေပမယ့္ လီဗာပူးတို႔ သူတို႔ လိုအပ္သလား ဆိုတာကေတာ့ အျခား ေခါင္းစဥ္ တစ္ခု ျဖစ္ပါတယ္။ ဟန္ဒါဆန္ဟာ ကစားသမား ေႏွာင္းပိုင္းကို ဝင္လာခဲ့ၿပီ ျဖစ္ပါတယ္။ ဂ်ိမ္းမီနာလည္း ဒီအတိုင္း ပါပဲ။ ဒါ့ေၾကာင့္ လီဗာပူး ေနာက္ထပ္ ကြင္းလယ္ ဗဟိုကစားသမား တစ္ဦးကို ေခၚယူဖို႔ စိတ္ကူး ရွိေနမွာပါ။

ဒါေပမယ့္လည္း ေလာေလာဆယ္ေတာ့ သူတို႔ဟာ ကြင္းလယ္ပိုင္းမွာ အင္ျပည့္အားျပည့္ ျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီက ဝိုင္နယ္ဒန္ အသင္းကေန ထြက္ခြာသြားတုန္းက လူေတြက လီဗာပူးတို႔ သူ႔ရဲ႕ ေနရာမွာ အစားထိုးဖို႔ လိုအပ္တယ္လို႔ ေျပာခဲ့ၾကပါတယ္။ ဒါေပမယ့္ သူတို႔ ဒီလို မလုပ္ခဲ့ပါဘူး။

ဒါေပမယ့္ လူေတြ ဒီကိစၥကို ေမ့ေပ်ာက္သြားၿပီလား? ကေလာ့က ဘယ္လင္ဟမ္ကို ေခၚယူသြားမွာလား? သူတို႔ တက္ႏိုင္သလား? ဆိုတာကေတာ့ ေနာက္ထပ္ အေၾကာင္းအရာ တစ္ခုပါ။

မန္စီးတီးဟာ သူ႔ကို ေခၚယူႏိုင္စြမ္း ရွိပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ကြင္းလယ္မွာ တကယ့္ ထိပ္တန္း ကစားသမားေတြ ရွိေနၿပီး ျဖစ္ပါတယ္။ သူ အဲဒီမွာ ပုံမွန္ ကစားခြင့္ ရႏိုင္မွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္ကေတာ့ ယူႏိုက္တက္ဟာ ဒီလို ကြင္းလယ္ဗဟို ကစားသမားမ်ိဳးကို လိုအပ္ေနတယ္လို႔ ထင္ပါတယ္။

မာတစ္နဲ႔ မာတာ တို႔ဟာ ကစားသမား ဘ၀ ေႏွာင္းပိုင္းကို ေရာက္လာၿပီ ျဖစ္ကာ ေပါ့ဘာကလည္း အသင္း ကေန ထြက္ခြာ သြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္လင္ဟမ္လို ကစားသမားမ်ိဳးကို အလိုအပ္ဆုံး အသင္း တစ္သင္း ရွိေနမယ္ဆိုရင္ ဒါဟာ မန္ခ်က္စတာ ယူႏိုက္တက္ပဲ ျဖစ္မွာပါ။” လို႔ ဆိုသြားပါတယ္။